Trend

အဝတ်လျှော်စက်ထဲ နာရီဝက်ကျော် ပါသွားခဲ့တဲ့ ကြောင်လေး ဆေးကုသမှု ခံယူနေရ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီပိုးလစ်စ်မြို့နယ်မှာ နေထိုင်တဲ့ Stefani Carroll-Kirchoff လို့ ခေါ်တဲ့ အမျိုးသမီးတဦးပိုင်တဲ့ ကြောင်ကလေးဟာ အဝတ်လျှော်စက်ထဲမှာ နာရီဝက်ကျော်ခန့် ပိတ်မိခဲ့တယ်လို့ မင်နီဆိုးတားပြည်နယ် တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေး ဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က Stefani Carroll-Kirchoff က အဝတ်လျှော်စက်ထဲက အဝတ်တွေကို အခြောက်ခံဖို့ စက်ကို သေချာမစစ်ဘဲ ဖွင့်လိုက်မိပြီး အချိန်ကြာတဲ့အထိ အဝတ်မခြောက်တဲ့အတွက် စက်ကို ပြန်လည် ဖွင့်ကြည့်တဲ့အချိန် ကြောင်လေးရဲ့ လက်သည်းကို လှမ်းမြင်လိုက်တာတဲ့ အချိန်မှာ ကြောင်လေး ဖီးလစ်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ အများကြီးရခဲ့ပြီး သွေးဖိအားရော အောက်ဆီဂျင်ပါ လိုအပ်နေတာကြောင့် တိရစ္ဆာန်ဆေးရုံကို သွားတဲ့အခါ ကံကောင်းစွာနဲ့ အသက်ကို ကယ်နိုင်ခဲ့ပါတယ်။

ရေထဲမှာ အချိန်ကြာမြင့်စွာ နေခဲ့ရတာကြောင့် ကြောင်လေးဟာ နမိုးနီးယားဖြစ်ပြီး မျက်စိကွယ်သွားခဲ့ပါတယ်။ အခုအချိန်မှာလည်း အောက်ဆီဂျင် တပ်ထားနေရဆဲဖြစ်တာကြောင့် Gofundme လူမှုကွန်ရက်စာမျက်နှာက တဆင့် ကြောင်လေးအတွက် အလှူခံတာတွေ ပြုလုပ်နေပြီး အမေရိကန်ဒေါ်လာ ၁ ထောင်ကျော်ခန့် ရရှိနေပြီလို့ သိရပါတယ်။

“ကျမက တိရစ္ဆာန်တွေ အားလုံးကို ချစ်တယ်။ ကျမမှာ ကြောင် ၃ကောင် ရှိလို့ အဝတ်လျှော်မယ့် အချိန်တိုင်း စက်ကို စစ်လေ့ ရှိပေမယ့် အဲဒီနေ့မှာတော့ မေ့သွားတယ်။ ကျမ ဒီဖြစ်ရပ်အတွက် လိပ်ပြာ မလုံသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်တယ်။ ဒီဖြစ်ရပ်က ကျမကို နေ့တိုင်းခြောက်လန့်နေတော့မှာ သေချာတယ်”လို့ ကြောင်ပိုင်ရှင် Stefani Carroll-Kirchoff က သတင်းထောက်တွေကို ပြောပါတယ်။

Ref. Geek.com

Did you find apk for android? You can find new Free Android Games and apps.
Loading