နယ်သာလန်နိုင်ငံ၊ Dordrecht မြို့မှာ စက်တင်ဘာလ ၉ ရက်နေ့က ရဲအရာရှိတဦးရဲ့ နေအိမ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၃ ဦး သေဆုံးကာ ဒဏ်ရာ အကြီးအကျယ် ရရှိသူ ၁ ဦး ရှိတယ်လို့ သိရပါတယ်။ ပစ်ခတ်သူက ရဲအရာရှိ ဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဖြစ်တယ်လို့ အတည်ပြုထားခြင်းတော့ မရှိသေးဘူးလို့ De Telegraaf သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒေသခံသတင်းဌာန ဖြစ်တဲ့ BN DeStem မှာ ဖော်ပြထားချက်အရ နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ အဲဒီရဲအရာရှိရဲ့ သမီး နှစ်ဦးဖြစ်ပြီး အသက် ၈ နှစ်နဲ့ ၁၂ နှစ် အရွယ်သာ ရှိသေးတယ်လို့ သိရပါတယ်။ အဲဒီ ရဲအရာရှိနဲ့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ ဇနီးဖြစ်သူတို့ဟာ ကွာရှင်းထားပြီး ဖြစ်ပေမယ့် အတူတူနေနေဆဲ ဖြစ်ပါတယ်။
ရဲတွေနဲ့ တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့တယ်လို့သာ ထုတ်ပြန်ထားပြီး အသေးစိတ် ပြောကြားထားခြင်းတော့ မရှိပါဘူး။
မြို့တော်ဝန် Wouter Kolff ကတော့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာမှာ အခင်းဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ ဝမ်းနည်းကြောင်း စာရေးတင်ထားတယ်လို့ သိရပါတယ်။
Ref. BBC