Trend

ရော့ခ်စတားရှိုးပွဲကျင်းပပြီး Alibaba ကုမ္ပဏီကို ခွဲခွာနှုတ်ဆက်လိုက်တဲ့ Jack Ma

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် တရုတ်သူဌေးကြီး Jack Ma ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က တရုတ်ပြည်အရှေ့ပိုင်း၊ Hangzhou မြို့မှာရှိတဲ့ တိုက်ခန်းငယ်တခုအတွင်းမှာ ထူထောင်ခဲ့တဲ့ Alibaba လို့အမည်ရတဲ့ e-commerce ကုမ္ပဏီရဲ့ ထောင်နဲ့ ချီတဲ့ ဝန်ထမ်းတွေအတွက် ပြုလုပ်ပေးတဲ့ပွဲတခုမှာ ဂစ်တာတလက်နဲ့အတူ ရော့ခ်စတား ဆံပင်တုကို ဝတ်ဆင်ပြီး နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က လူဦးရေ ၈ သောင်းဆန့်တဲ့ အားကစားကွင်းကြီးထဲမှာ လေးနာရီကြာပြုလုပ်ခဲ့တဲ့ပွဲနဲ့အတူ Alibaba ကုမ္ပဏီရဲ့ ဘီလီယံနာ အမှုဆောင်ဥက္ကဋ္ဌ Jack Ma ဟာ အမှုဆောင်အရာရှိချုပ် Daniel Zhang ကို ရာထူးလွှဲပေးမယ်လို့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ပြောခဲ့တဲ့ ကတိကို တည်ခဲ့တာလည်း ဖြစ်ပါတယ်။

ရှော့ပင်းဝက်ဘ်ဆိုက် Tmall နဲ့ ငွေပေးချေရေးဝန်ဆောင်မှု Ant Financial တို့လိုမျိုး Alibaba ရဲ့ဌာနခွဲတွေကို ကိုယ်စားပြု တဲ့အဖွဲ့တွေကလည်း တကယ့်ကို လှပစွာ ဝတ်စားဆင်ယင်ပြီး ပုံဖော်ပြသခဲ့ကြသလို တရုတ်ရိုးရာ ဝတ်စုံတွေ ဝတ်ဆင် ထားတဲ့ ဖျော်ဖြေသူတွေနဲ့ မြူးကြွတဲ့ ဂီတတွေကို ဖျော်ဖြေနေကြသူ အဆိုတော်တွေက သူဌေးကြီး Jack Ma ရဲ့ နာမည်ကျော်ကြားမှုကို ဂုဏ်ပြုခဲ့ကြပါတယ်။

သူဌေးကြီး Jack Ma က “ဒီညပြီးရင်တော့ ကျနော် ဘဝအသစ်တခုကို စတင်တော့မှာပါ။ ကမ္ဘာကြီးက ကောင်းမွန်တယ် လို့ ကျနော် လုံးဝယုံကြည်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီး ရှိပါတယ်။ ပြီးတော့ ကျနော်က စိတ်လှုပ်ရှားရတာ ကို အရမ်းကြိုက်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်က စောစောစီးစီး အနားယူလိုက်တာဖြစ်ပါတယ်” လို့ ဧည့်သည်တော် တွေနဲ့ ဝန်ထမ်းတွေကို ပြောဆိုခဲ့ပါတယ်။

သူဌေးကြီး Ma ဟာ သီချင်းဆိုရင်း မျက်ရည်ကျနေခဲ့တာကြောင့် တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်း ဖြစ်တဲ့ Weibo မှာ “Jack Ma ငိုနေပြီ” ဆိုတဲ့ သတင်းက ထိပ်တန်းသတင်းဖြစ်ခဲ့ရပါတယ်။

အဲ့ဒီအခမ်းအနားရဲ့ အဆုံးသတ်မှာတော့ သူဌေးကြီး Ma ၊ ပူးတွဲထူထောင်သူ Lucy Peng နဲ့ Alibaba ရဲ့ နည်းပညာ ကော်မတီအမှုဆောင်အရာရှိချုပ် Wang Juan က ရော့ခ်စတား စတိုင်သားရေ ဂျာကင်တွေနဲ့ ဆံပင်တုတွေကို ဝတ်ဆင်ပြီး တရုတ်ပေါ့ပ်သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။ သူတို့နဲ့အတူ မာရီလင်မွန်ရိုးပုံစံ ဝတ်ဆင်ထားတဲ့ ပူးတွဲထူထောင်သူူ Joe Tsai လည်း ပါဝင်ခဲ့ပါတယ်။

အခုကုမ္ပဏီရဲ့ အကြီးအကဲ ဖြစ်သွားတဲ့ Zhang ကတော့ ကုမ္ပဏီအနေနဲ့ cloud ကွန်ပျူတာစနစ်လိုမျိုး နယ်ပယ်တွေမှာ ဆက်လက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောဆိုထားပါတယ်။

Alibaba ဟာ အာရှရဲ့ တန်ဖိုးအရှိဆုံး စာရင်းဝင်ကုမ္ပဏီဖြစ်ပြီး ဈေးကွက် အရင်းအနှီးက ဒေါ်လာ ၄၆၀ ဘီလီယံ ရှိပါတယ်။ ဝန်ထမ်းပေါင်း ၁ သိန်းကျော်ကို ခန့်ထားပြီး AI လို့ခေါ်တဲ့ မှတ်ဉာဏ်တုနည်းပညာ၊ Cloud ကွန်ပျူတာ နည်းပညာနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေအထိ လုပ်ငန်းတွေ ချဲ့ထွင်ထားပြီး ဖြစ်ပါတယ်။

Ref:Reuters

You may also like these stories:

Alibaba မြန်မာမှာ ဒေါ်လာ ၉ သောင်းကျော်ဖိုး ဈေး စရောင်း

တရုတ်အွန်လိုင်း အရောင်းလုပ်ငန်းကြီး အလီဘာဘာထံမှ မြန်မာအစိုးရ အခွန်ရဖွယ် မရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading