ကမ္ဘာ့ပထမဆုံး သက်သတ်လွတ်မြို့တော်ကတော့ အိန္ဒိယနိုင်ငံ ၊ Palitana မြို့တော်ပါပဲ။ အဲဒီမြို့မှာ နေထိုင်သူ အများစုကတော့ ဂျိန်းဘာသာကို သက်ဝင်ယုံကြည်သူတွေများပါတယ်။ အဲဒီမြို့မှာတော့ သက်သတ်လွတ်စားရုံတင်မက တိရစ္ဆာန်တွေကို သတ်တာကိုပါ ခွင့်မပြုပါဘူး။
Palitana မြို့တော်မှာဆိုရင်တော့ ဂျိန်းဘုန်းကြီး ၂၀၀ နီးပါးနေထိုင်ပါတယ်။ ဂျိန်းဘုန်းကြီးတွေက သူတပါးအသက်ကို သတ်တာခွင့်မပြုတဲ့အတွက်ကြောင့် အိန္ဒိယအစိုးရက သားသတ်ရုံတွေကို ပိတ်ခဲ့ပါတယ်။
၂၀၁၄ခုနှစ် မတိုင်ခင်ကတော့ Palitana မြို့မှာ သားသတ်ရုံပေါင်း ၂၅၀ ရှိခဲ့ပါတယ်။ ဂျိန်းဘုန်းကြီးတွေက သားသတ် တာကို ခွင့်မပြုဖို့ ပြည်နယ်အစိုးရကို အတင်းအကြပ်တောင်း ဆိုခဲ့တဲ့အတွက် ပြည်နယ်အစိုးရက သားသတ်ရုံတွေကို ပိတ်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Palitana မြို့တော်ဟာ သက်သတ်လွတ်မြို့တော်ဖြစ်ခဲ့ပါတယ်။ သက်သတ်လွတ်မြို့တော် ဖြစ်တာနဲ့အညီ ကြက်ဥ ၊ ဘဲဥ စတာတွေကိုလည်း ရောင်းချခွင့်မရှိပါဘူး။
ဂျိန်းဘာသာတရားကို တည်ထောင်သူကတော့ မဟာဝီရ(သို့မဟုတ်) နိဂဏ္ဍနာဋပုတ္တ လို့လည်း ခေါ်လေ့ရှိပါတယ်။ သူဟာ ဗုဒ္ဓမြတ်စွာဘုရားနဲ့ခေတ်ပြိုင် ပေါ်ပေါက်လာခဲ့သူဖြစ်ပြီး ကိုယ့်ကိုယ် ကိုယ် ဘုရားဖြစ်တယ်လို့ ခံယူခဲ့သူလည်းဖြစ်ပါတယ်။
ဂျိန်းဘာသာဝင်တွေဟာ တိရစ္ဆာန်တွေကိုသတ်ဖြတ်ခြင်းမပြုရုံသာမက ထွန်ယက်စိုက်ပျိုးရတဲ့ လယ်ယာအလုပ်တွေ ကိုလည်း လုပ်လေ့မရှိပါဘူး။ လယ်ယာအလုပ်တွေကို မလုပ်ကြတဲ့အကြောင်းကတော့ ထွန်ယက်စိုက်ပျိုးတဲ့အခါ တိရစ္ဆာန်တွေ သေကြမှာစိုးရိမ်လို့ပါပဲ။ ဒါကြောင့်လည်း ဂျိန်းဘာ သာဘုန်းကြီးတွေနေထိုင်တဲ့ Palitana မြို့ဟာ ကမ္ဘာ့ပထမဆုံး သက်သတ်လွတ်မြို့တော် ဖြစ်လာခဲ့ ပါတယ်။
Palitana မြို့တော်မှာ သားသတ်ခွင့်မပြုထားပေမယ့် လူတွေအတွက်နေ့စဉ်လိုအပ်တဲ့ နွားနို့ ၊ ထော ပတ်စတာ တွေကိုတော့ ရောင်းချခွင့်ပြုထားပါတယ်။ Palitana မြို့တော်မှာ ဂျိန်းဘာသာဝင်အများစု နေထိုင်တဲ့အတွက်ကြောင့်လည်း ဂျိန်းဘုရားကျောင်းများစွာရှိပါတယ်။
ဂျိန်းဘာသာကိုတည်ထောင်ခဲ့တဲ့ နိဂဏ္ဍနာဋပုတ္တ ကွယ်လွန်ပြီးနောက်မှာတော့ ဂျိန်းဘာသာကိုး ကွယ်သူပေါင်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ ၄ သန်းနဲ့ ၅ သန်းကြားမှာ ရှိပါတယ်။ ဂျိန်းဘုန်းကြီး တွေရဲ့ ထူးခြားချက်ကတော့ အဝတ်ဝတ်လေ့ မရှိတာပါပဲ။
Ref:timesofindia,en.wikipedia
You may also like these stories:
ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ ငယ်စဉ်က ရောင်းခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေး
ရထားသံလမ်းဘေးမှာ သီချင်းဆိုရင်း နိုင်ငံကျော်ခဲ့သူ အိန္ဒိယက အဘွား Ranu Mondal
အက်ဆစ်နဲ့ အပက်ခံရတဲ့ မိန်းကလေးတွေ ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ကော်ဖီဆိုင်
စွန့်ပစ်ထားတဲ့ ရေကန်ကို ပြန်လည် အသက်ဝင်စေခဲ့တဲ့ ၂၆ နှစ်အရွယ် အိန္ဒိယအမျိုးသား