တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ဟာ ၂၄ နာရီ ၇ရက်ပတ်လုံး ရပ်နားခြင်းမရှိ လှုပ်ရှားနေတဲ့ မြို့ ဖြစ်ပါတယ်။ ဒီလို လည်ပတ်နေတဲ့ အတွက် လျှပ်စစ်မီး အသုံးပြုနှုန်းကလည်း အတိုင်းထက်အလွန် မြင့်တက်နေပါတယ်။ အဲဒါတွေကို တတ်နိုင်သလောက် ကြိုးစားပြီး လျော့ချနေတဲ့ NoPlug လို့ ခေါ်တဲ့ အဖွဲ့အစည်းတခုက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
တောင်ကိုးရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုအများဆုံး နိုင်ငံတွေအထဲက တခုဖြစ်ပြီး No plug အဖွဲ့အစည်းကတော့ အဲဒီ ကာဗွန်ခြေရာတွေကို တတ်နိုင်သလောက်လျော့ချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒီလို ပြုလုပ်မှုတွေ အတွက် စံပြအနေနဲ့ ကော်ဖီဆိုင်တခုကို ဖွင့်လှစ်ထားပြီး အဲဒီကော်ဖီဆိုင်ဟာ အာရုံတက်ချိန်ကနေ နေဝင်ချိန်အထိဖွင့်လှစ်တယ်လို့ သိရပါတယ်။
ဆိုင်အတွင်းမှာ လျှပ်စစ်မီး အကူအညီလုံးဝမပါတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုထားပါတယ်။
“ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ တိုးတက်လာတာနဲ့ အမျှ ကမ္ဘာမြေကို ပိုမိုညစ်နွမ်းလာစေပါတယ်။ ကျနော်တို့က ပျော်ရ့ွှင်မှုကို လိုလားတယ်။ လျှပ်စစ်မီးကို အသုံးမပြုဘဲ ဘယ်လိုနေထိုင်ရမယ်။ ဘယ်ပစ္စည်းကိရိယာတွေကို အသုံးပြုရမယ်ဆိုတာတွေကို ကျနော်တို့က သင်ကြားပေးတယ် ” လို့ No Plug အဖွဲ့အစည်းကို ထူထောင်သူ ဒေါက်တာ ယာစုယူကီ ဖူဂျီမူရာ က ပြောပါတယ်။
No Plug အဖွဲ့အစည်းဟာ သီးပင်းစားပင်တွေကို ကိုယ်တိုင်စိုက်ပျိုး ရိတ်သိမ်းပြီး သားငါးအတွက်လည်း မွေးမြူရေးတွေ ပြုလုပ်လျက်ရှိပါတယ်။ တိုးတက်မှု အရမ်းမြင့်တက်တဲ့ ကိုးရီးယားလူ့ပတ်ဝန်းကျင်မှာ မွန်းကြပ်မှုတွေ ခံစားနေရတဲ့ လူငယ်တွေ အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင် ဝင်ငွေရှာနိုင်တဲ့ လုပ်ငန်းတွေ ဖြစ်အောင် No Plug က စီစဉ်ပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ဟာ No plug ရဲ့ လမ်းညွှန့်ချက်တွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး နောက်ပိုင်းမှာလည်း အခုလို လျှပ်စစ်ပစ္စည်း အသုံးပြုခြင်းမရှိတဲ့ ဆိုင်တွေ ထပ်ပြီး ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref; BBC
You may also like these stories:
ခရီးသွားတွေကို တိရစ္ဆာန်တွေနဲ့ ဆွဲဆောင်ထားတဲ့ ဘန်ကောက်မြို့က “Little Zoo Café”
အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်