ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဦးဆောင်ပြီး ကုလသမဂ္ဂရုံးရှေ့မှာ ကျောပိုးအိတ် အလုံး ၃၇၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ပါတယ်။ ဒါဟာ ကမ္ဘာတဝှမ်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက ကလေးငယ်တွေကို သတိပြုမိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားချိန်မှာ သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ ကျောင်းကို ပြန်လာနိုင်ဖို့ အခွင့်အရေး မရှိတော့တာကြောင့် ကလေးတွေကို သတိတရရှိစေဖို့ ကျောပိုးအိတ်ပေါင်း ၃,၇၅၈ လုံးကို တန်းစီပြီး Installation တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းက ပဋိပက္ခ ဖြစ်ပွားနေတဲ့ အာဖကန်နစ္စတန်၊ ဆီးရီးယား၊ ဆိုမာလီးယားနဲ့ ယီမင် စတဲ့ ဒေသတွေမှာ ၁ နှစ်အတွင်း ကလေးငယ်သေဆုံးမှု ၁၂,၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ (UN) က ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကမ္ဘာတဝှမ်းက ကလေးတွေဟာ အခုအချိန်မှာ ကျောင်းပြန်တက်နေကြပါပြီ။ ဒီအချိန်မှာ စစ်ဖြစ်ပွားလို့ သေဆုံးသွားတဲ့ ကလေးငယ်တွေကို မမေ့ဖို့နဲ့ စစ်ကြောင့် တနှစ်တနှစ်မှာ ကလေးငယ်တွေ ထောင်နဲ့ ချီပြီး သေဆုံးနေရတာကို သိရှိနေဖို့ အခုလို ပွဲကို ပြုလုပ်ရတာဖြစ်တယ်” လို့ UNICEF ရဲ့ အမှုဆောင် ဒါရိုက်တာ Henrietta Fore က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
Ref. amny.com
You may also like these stories:
တိရစ္ဆာန်သင်္ချိုင်း အလွန်က တားမြစ်နယ်မြေ (သို့မဟုတ်) “Pet Sematary”
နိုင်ငံတကာ ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ကမ္ဘာ့အလှဆုံး သင်္ချိုင်းများ
သံဖြူဇရပ်မြို့က စစ်သင်္ချိုင်းနဲ့ သေမင်းတမန်မီးရထားလမ်း