Exoplanet (နေအဖွဲ့အစည်း အပြင်ဘက်မှ ဂြိုဟ်များ) ရှာဖွေရေး အဖွဲ့ဟာ ကမ္ဘာမှ အလင်းနှစ် ၁၁၀ ကျော် ဝေးကွာတဲ့ နေရာက ဂြိုဟ်တလုံးမှာ ရေငွေ့များကို ထောက်လှမ်းရမိခဲ့တယ်လို့ သိရပါတယ်။
“K2-18b” လို့ နာမည်ပေးထားတဲ့ အဲဒီဂြိုဟ်ကို စတင်ထောက်လှမ်းမိနေတာတော့ ဆယ်စုနှစ် တစုခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။ လန်ဒန်ယူနီဗာစတီ ကောလိပ်ရဲ့ သိပ္ပံဌာနခေါင်းဆောင်ဖြစ်သူ ပါမောက္ခ Giovanna Tinetti ကတော့ အခုလို ရှာဖွေတွေ့ရှိမှုဟာ အံ့အားသင့်စရာ အကောင်းဆုံးဖြစ်တယ်လို့ အမွှန်းတင်ထားပါတယ်။
“ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ရေငွေ့ကို ကျမတို့ ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ရေရှိတာကြောင့် အခြား သက်ရှိတွေလည်း ဖြစ်ထွန်းနိုင်ချေရှိနေပါတယ်”လို့ ပါမောက္ခ Giovanna Tinetti ကပြောပါတယ်။
K2-18b ဟာ ကမ္ဘာမြေပြင်ကနေ အကွာအဝေး အလင်းနှစ် ၁၁၁ (မိုင်သန်းပေါင်း ၆၅၀ သန်း) ခန့် ဝေးကွာပြီး အာကာသ စူးစမ်းရေးယာဉ် ချပြီး လေ့လာဖို့အတွက် အကွာဝေးများလွန်းနေပါတယ်။ ၂၀၂၀ ပြည့်နှစ် နောက်နက္ခတ်တာရာ ကြည့်မှန်ပြောင် းမျိုးဆက်သစ်တွေနဲ့ ကြည့်ရှုလေ့လာနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
“ဒါဟာ စကြာဝဠာထဲမှာ ကျနော်တို့ချည်းပဲ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်ကို ရစေပါတယ်။ ကျနော်တို့ နောက်ဆို ဒီစကြာဝဠာထဲမှာ အထီးကျန်နေထိုင်စရာ မလိုလောက်တော့ပါဘူး။ နောက် ၁၀ နှစ် အတွင်းမှာ အဲဒီ ဂြိုဟ်ပေါ်မှာ အခြား ဓာတုဓာတ်ငွေ့တွေ ပျံ့နှံ့တာမျိုး ရှိနေမလားဆိုတာကို လေ့လာနိုင်ပါလိမ့်မယ်”လို့ ဒေါက်တာ Waldmann က ပြောပါတယ်။
အခုလို ရေငွေ့တွေ ရရှိတာကြောင့် သိပ္ပံပညာရှင်တွေဟာ ရှုပ်ထွေးတဲ့ ရာသီဥတုဆိုင်ရာ ယူဆချက်တွေကို တည်ဆောက်ခဲ့ကြပြီး ရေခိုးရေငွေ့တွေကြောင့် မိုးရွာသွန်းနိုင်ချေ ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။
Ref. BBC
You may also like these stories:
NASA မှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်
Area 51 နေရာအား ဝင်ရောက် စီးနင်းဖို့ ပြင်ဆင်ထားသူ ၁ သန်းကျော် ရှိနေ
ကမ္ဘာနဲ့ ဆင်တူတဲ့ ဂြိုဟ်၂ လုံးကို တွေ့ရှိခဲ့
မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်
Amazon က ဂြိုဟ်တုအလုံးရေ ၃,၀၀၀ ကျော်ဖြင့် ကမ္ဘာအနှံ့ အင်တာနက် လွှင့်မည်
ရက်ပေါင်း ၆၀ ကြာ အိပ်စက်လေ့လာရေးအတွက် ပါဝင်လိုသူတွေကို ဒေါ်လာ ၁ သောင်းကျော်နဲ့ NASA ကမ်းလှမ်း