ဟိမဝန္တာတောင်တန်းပေါ်က နိုင်ငံငယ်လေးဖြစ်တဲ့ ဘူတန်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လက LGBT (Lesbian, Gay, Bisexual, Transgender) အသိုင်းအဝိုင်းကို လက်ခံလိုက်ပြီလို့ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
၂၀၀၄ ခုနှစ်က ရေးဆွဲထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေကြမ်းမှာ “သဘာဝအရ မဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုမျိုးဟာ တရားမဝင် ဖြစ်တယ်”လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
“အားလုံး အရမ်းပျော်ခဲ့ရတယ်။ မျက်ရည်တွေလည်း ကျခဲ့ရပါတယ်”လို့ ဘူတန်နိုင်ငံ Rainbow အဖွဲ့အစည်းရဲ့ ဦးဆောင်သူ Tashi Tsheten က ပြောပါတယ်။
“ကျနော်တို့ဟာ နိုင်ငံသေးသေးလေးထဲက အဖွဲ့အစည်း သေးသေးလေးဖြစ်တယ်။ ဒီလို လူတွေအတွက် သေချာစဉ်းစား ဆုံးဖြတ်ပေးတဲ့ လွှတ်တော်ကို အရမ်းကျေးဇူးတင်ပါတယ်”လို့ Tashi Tsheten က ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
အခုလို LGBT အသိုင်းအဝိုင်းကို လက်ခံသင့်၊ မခံသင့်ဆိုတာကို ဘူတန်နိုင်ငံမှာ မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး နိုင်ငံသား ၇ သိန်း ၅ သောင်းကျော်က လက်ခံသင့်တယ်ဆိုတဲ့ မဲပေးခဲ့တာကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၄ နဲ့ ၂၁၅ ကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
ဘူတန်ဟာ ၂၀၀၈ ခုနှစ်က စတင်ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးခဲ့ပြီးနောက် အခုလို ပွင့်လင်းမှုတွေ ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. Straitstimes
You may also like these stories:
“LGBT ဆိုတာ လူသားချင်းချင်း ချစ်ကြတာ ဖြစ်တဲ့အတွက် လက်ခံပါတယ်”လို့ ဂေဂေး ပြော
MCU ရဲ့ ပထမဆုံး LGBT စူပါဟီးရိုးဖြစ်လာမယ့် မင်းသမီး Tessa Thompson
ခရီးသွားတွေ အလာနည်းနေသေးတဲ့ ဘူတန်နိုင်ငံ
LGBT နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝေဖန်မှုများကြောင့် ဆော်ဒီဖျော်ဖြေပွဲမှ Nicki Minaj နုတ်ထွက်