Trend

“Friday 13” မှာ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတဝှမ်းက ဆိုးဆိုးရွားရွား ဖြစ်ရပ်များ

Want create site? Find Free WordPress Themes and plugins.

သောကြာနေ့နဲ့ ၁၃ ဂဏန်းတထပ်တည်းကျတဲ့ Friday 13 မှာ ဆိုးဆိုးရွားရွား တခုခု ဖြစ်တော့မယ်ဆိုပြီး ယုံကြည်ထားကြသူတွေ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အများအပြားပါ။ ဒီလိုယုံကြည်မှုတွေဟာ အကြောင်းမဲ့ဖြစ်ပေါ်လာရတာ မဟုတ်ဘဲ သမိုင်းမှာဆိုရင် Friday 13 မှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးဆိုးရွားရွား အဖြစ်အပျက်တွေ ရှိခဲ့ဖူးတာတွေကြောင့်လည်း ဖြစ်ပါတယ်။

(၁) သမိုင်းမှတ်တမ်းတွေအရ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ ဘာကင်ဟမ်နန်းတော်ကို ဗုံးကြဲခဲ့တဲ့အချိန်ဟာ ၁၉၄၀ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်ဖြစ်ပြီး အဲဒီနေ့ဟာ Friday 13 လည်းဖြစ်ပါတယ်။ ဗုံးကြဲမှုကြောင့် နန်းတော်အပြင် နန်းတော်တွင်းက ဘုရားကျောင်းပါ ထိမှန်ပျက်စီးခဲ့ရပါတယ်။

(၂) အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်မှာ ၁၉၅၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှုမှာ လူပေါင်း ၅ သိန်းကျော်ခန့်ဟာ ဒုက္ခအတိ ရောက်ခဲ့ကြရပါတယ်။ ဒီလိုစံချိန်တင် မိုးရွာသွန်းမှုကြောင့် လယ်မြေဧကပေါင်း ၂ သန်းကျော် ရေနစ်မြုပ်ခဲ့တဲ့အပြင် ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တဲ့နေ့ဟာ Friday 13 ဖြစ်ပါတယ်။

(၃) ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ သောကြာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၃ သိန်းခန့် သေကြေပျက်စီးခဲ့ရပြီး မုန်တိုင်းအပြင် ၁၆ ပေနီးပါး အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေကြောင့် တိရစ္ဆာန်တွေ၊ လူတွေနဲ့ သက်ရှိမှန်သမျှ ထိခိုက် ပျက်စီးခဲ့ရပါတယ်။

(၄) နာမည်ကျော် Rapper တဦးဖြစ်တဲ့ Tupac Shakur ဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၃ ရက် သောကြာနေ့မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ရပြီး တရားခံ ဘယ်သူလဲ ဆိုတာကို အခုချိန်ထိ အဖြေရှာ မရသေးပါဘူး။

(၅) ၁၉၆၄ ခုနှစ်၊ မတ်လ ၁၃ ရက် သောကြာနေ့မှာ ဘားမန်နေဂျာဖြစ်သူ Kitty Genoves ဆိုတဲ့ အမျိုးသမီးဟာ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားနေချိန်မှာ လူ ၃၈ ဦးခန့်ဟာ တွေ့မြင်ခဲ့ပေမယ့် ရဲကို ခေါ်ဆိုပြီး အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တာကြောင့် လူနာတင်ကား ရောက်ရှိချိန်မှာ သူဟာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Ref. www.livescinece.com

You may also like these stories:

“ကမ္ဘာ့ကံအဆိုးဆုံးနေ့”လို့ ယူဆထားကြတဲ့ Friday 13 ရဲ့ စိတ်ဝင်စားဖွယ် အကြောင်း

သင့်မှာလည်း ဖြစ်ကောင်းဖြစ်နေနိုင်တဲ့ ကြောက်စိတ်လွန်ရောဂါ (Phobias) များ

Did you find apk for android? You can find new Free Android Games and apps.
Loading