ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတု ဆိုးရွားပြင်းထန်မှုတွေကလည်း နှစ်စဉ်လိုလို တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြုံတွေ့နေကြရတာပါ။ ဒီလိုဆိုးရွားဖောက်ပြန်လာတဲ့ ရာသီဥတုပေါ်မူတည်ပြီး လေ့လာသူတွေရဲ့ ခန့်မှန်းတွက်ချက်မှု တွေအရ အနာဂတ်ကာလမှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ မြို့တွေအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) မနီလာ
ဖိလစ်ပိုင်နိုင်ငံ ၊Manilla မြို့ဟာဆိုရင်တော့ မြေအောက်ရေမြင့်တက်လာမှုဟာ နှစ်စဉ် ၄ လက်မခန့်ရှိပြီး မြေအောက်ရေ သုံးစွဲမှုမြင့်တက်လာမှုကြောင့် အနာဂတ်ကာလမှာ ရေလွှမ်းမိုးခံရကာ ပျောက်ကွယ်သွားနိုင်ခြေ ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။
(၂) ဘန်ကောက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာဆိုရင်လည်း အလားတူ ပြဿနာမျိုး ကြုံတွေ့နေရတာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ နောင်လာမယ့် ၁၅ နှစ်အတွင်း ပင်လယ်ရေအောက်ကို ရောက်သွားနိုင်တယ်လု့ိ ခန့်မှန်းပြောဆိုထားကြပါတယ်။
(၃) ဗင်းနစ်
ရှေးဟောင်းလက်မှုပညာတွေ၊ခမ်းနားလှတဲ့ အဆောက်အဦတွေနဲ့ လှပခန့်ညားနေတဲ့ အီတလီနိုင်ငံ ဗင်းနစ်မြို့ဟာဆိုရင်တော့ နှစ်စဉ်နှစ်တိုင်းလိုလို ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရတာကြောင့် ရေကာတွေ ဆောက်လုပ်နေတာပါ။ ဒါပေမယ့် ဒီအတားအဆီးတွေဟာ တကယ်ရော အလုပ်ဖြစ်ပါ့မလားဆိုတာကို လေ့လာသူတွေကတော့ စောင့်ကြည့်လေ့လာနေဆဲ ဖြစ်ပါတယ်။
(၄) မက်ဆီကို
မက်ဆီကို မြို့ဟာဆိုရင်တော့ နှစ်စဉ်နှစ်တိုင်းလိုလို ရေလွှမ်းမိုးမှုဒဏ်ခံနေတာဖြစ်ပြီး တနှစ်ကို မြေအောက်ရေ ၄ လက်မနှုန်းနဲ့ မြင့်တက်လာနေတယ်လို့ အစိုးရက တရားဝင် အသိပေးထားတာပါ။ ဒီလိုရေလွှမ်းမိုးခံရမှု ပြဿနာကြောင့်လည်း အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ လေ့လာသူတွေက ပြောဆိုထားကြတာ ဖြစ်ပါတယ်။
Ref. www.toptenznet.com
You may also like these stories:
ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးများ
လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ
လူသားတွေကြောင့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော် ပျောက်ကွယ်လု နီးပါးဖြစ်
ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ
ကမ္ဘာလှည့်ခရီးသည်တွေအပေါ် ဖော်ရွေမှု မရှိဆုံး မြို့ ၅ မြို့