Trend

ဝက်တုပ်ကွေးဖြစ်ပွားမှုကို လျော့ချဖို့ ဝက်အကောင်ရေ ၇၅၀ ကျော်ကို သုတ်သင်ခဲ့တဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြောက်ဘက် Saitama စီရင်စုမှာ ဝက်တုပ်ကွေး ဖြစ်ပွားနေမှုကို ထိန်းချုပ်ဖို့အတွက် ဝက်အကောင်ရေ ၇၅၃ ကောင်ကို အစိုးရ တာဝန်ရှိသူတွေက သုတ်သင်ခဲ့တယ်လို့ Yomiuri သတင်းစာမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ အလယ်ပိုင်းကို တင်ပို့မယ့် ဝက်တွေမှာ ဝက်တုပ်ကွေးရောဂါကို တွေ့ရှိတာကြောင့် ပြီးခဲ့တဲ့ စနေနေ့က သုတ်သင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ သတင်းစာမှာ ဖော်ပြထားပါတယ်။

Saitama စီရင်စုအတွင်းက ဝက်မွေးမြူရေး ခြံ ၂ ခြံကို ထိန်းချုပ်မှုတွေပြုလုပ်ထားပြီး ဝက်တင်ပို့မှုကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ဂျပန်နိုင်ငံမှာ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဝက်တုပ်ကွေး ဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံ အလယ်ပိုင်း Gifu မြို့ထဲက ဝက်ခြံတခုမှာ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဂျပန်မှာ ဖြစ်ပွားနေတဲ့ ဝက်တုပ်ကွေးရောဂါဟာ တရုတ်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ သေစေနိုင်တဲ့ အာဖရိက ဝက်တုပ်ကွေးရောဂါနဲ့ ဗီဇချင်း မတူဘူးလို့ ဂျပန်စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းမှာ ပါရှိပါတယ်။

Gifu မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးရောဂါကို ဝက်ကာလဝမ်းရောဂါလို့ သိရပါတယ်။ ဒီရောဂါဟာ ဝက်နဲ့ တောဝက်တွေမှာ ဖြစ်ပွားလေ့ရှိပြီး လူကိုတော့ ကူးစက်နိုင်ချေ မရှိပါဘူး။

ဂျပန်နိုင်ငံဟာ ဝက်သား ထုတ်လုပ်မှု အများဆုံးနိုင်ငံ စာရင်းရဲ့ နံပါတ် ၁၀ နေရာမှာ တည်ရှိနေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅၂ သန်း တန်ဖိုးနဲ့ ညီမျှတဲ့ ဝက်သားတွေကို တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။

Ref. straitstimes

You may also like these stories:

တာချီလိတ်တွင် ၂ ပတ်အတွင်း ဝက်ကောင်ရေ ၂ ထောင်ခန့် ဖျားနာသေဆုံး

ပို့ကုန် လက်မှတ် အတုများဖြင့် အသားတင်ပို့ခြင်း ရပ်ရန် ကနေဒါကို တရုတ်ပြော

အာဖရိက ဝက်အပြင်းဖျား ရောဂါ မကူးစက်ရန် ကြိုတင် ကာကွယ်မှုများ ပြုလုပ်

Loading