အမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်၊ Monmouth မြို့က Riley Horner လို့ အမည်ရတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူဟာ ဇွန်လ ၁၁ ရက်နေ့က ကျောင်း ကပွဲတခုမှာ ဦးခေါင်းကို ပြင်းထန်စွာ ကန်ခံရပြီးနောက် မှတ်ဉာဏ် ပျောက်ဆုံးတဲ့ ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။
သူမရဲ့ ဘဝဟာ ရုပ်ရှင်ဇာတ်ကားတွေထဲကလို ဖြစ်နေပေမယ့် သူမကတော့ နေ့တိုင်းကြောက်လန့်နေရတယ်လို့ သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။ နေ့တိုင်းကို ဇွန်လ ၁၁ ရက်နေ့ကို ထင်နေပြီး ၂ နာရီစာ မှတ်ဉာဏ်ထပ်တလဲလဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နာရီလောက်က ပြုလုပ်ပြီးသားအရာတွေကို မေ့သွားပြီး နောက်တခါ ပြန်လည်ပြုလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။
“ကျမခေါင်းထဲမှာ အားလုံးရှုပ်ထွေးနေတယ်။ မှတ်မိဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မမှတ်မိဘူး။ ပြက္ခဒိန်ကို ကြည့်လိုက်တိုင်း အံအားသင့်နေရတယ်”လို့ သူမက ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။
တချိန်က ကျောင်းစာတော်ခဲ့တဲ့ သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် စာသင်ခန်းကိုတောင်မှ မမှတ်မိလောက်အောင် ရောဂါဆိုးရွားနေတာ ဖြစ်ပါတယ်။ ၂ နာရီစာ မှတ်ပြီးသွားရင် ဦးနှောက်ဟာ Reset ချလိုက်သလို ဖြစ်သွားပြီး အားလုံး အစက ပြန်စသလို ခံစားနေရတာလည်း ဖြစ်ပါတယ်။
ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေကို ပြတဲ့ အခါမှာလည်း ထူးထူးခြားခြား အမှားတခုမှ ရှိမနေဘဲ ဦးနှောက်တွင်း သွေးယိုဆင်းမှု စတဲ့ ဦးနှောက်ဆိုင်ရာ ရောဂါတွေကို မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
သူမရဲ့ ရောဂါဟာ ဘယ်တော့မှ သက်သာဖို့ မသေချာဘူးလို့ ဆရာဝန်တွေက ပြောထားပေမယ့် သူမကတော့ သွားတဲ့ နေရာတိုင်းကို စာအုပ်နဲ့ ဘောပင်ကို ယူသွားပြီး ရေးမှတ်လေ့ရှိကာ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ထားပြီး မေ့သွားတာတွေကို ပြန်လည် သတိရအောင် ကြိုးစားနေထိုင်လျက်ရှိနေတယ်လို့ သိရပါတယ်။
Ref. news.com
You may also like these stories:
အစပ် အလွန်အကျွံစားခြင်းက ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်း လေ့လာတွေ့ရှိ
မကြာခဏ မေ့လျော့ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာများ
မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တဲ့ အစားအစာ ၅ မျိုး
မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး
မေ့တတ်လွန်းသူတွေ အသုံးတည့်စေမယ့် နည်းလမ်းကောင်း ၅ ခု