Trend

ငှက်ကျားထိုးဆိတ်တာကို ရှောင်တိမ်းရာကနေ စက်ဘီးမှောက်ပြီး သေဆုံးခဲ့တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံမှာ ငှက်ကျားတကောင်ရဲ့ ထိုးဆိတ်မှုကို ရှောင်တိမ်းဖို့ ကြိုးစားရင်း စီးလာတဲ့ စက်ဘီးမှောက်ပြီး အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ သေဆုံးသူ အမျိုးသားဟာ ဆစ်ဒနီမြို့တောင်ပိုင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က စက်ဘီးနင်းလာရင်း ငှက်ကျားရန်ကို ရှောင်တိမ်းရာက ပန်းခြံတခုရဲ့ ခြံစည်းရိုးကို စက်ဘီးနဲ့ တိုက်မိပြီး ဒဏ်ရာရခဲ့တာဖြစ်တယ်လု့ိ သိရပါတယ်။

ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲဌာနက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ နွေဦး ရောက်တဲ့အခါ ငှက်ကျားတွေရဲ့ ထိုးဆိတ်တိုက်ခိုက်မှုတွေ ပုံမှန်ဖြစ်ပွားလေ့ရှိပြီး စက်ဘီးစီးသူတွေနဲ့ လမ်းလျှောက်သူတွေ ဒဏ်ရာရတတ်ပေမယ့် သေဆုံးတဲ့ ဖြစ်စဉ်ကတော့ ရှားပါတယ်လို့ သိရပါတယ်။

ဆစ်ဒနီမြို့တောင်ဘက် Wollongong မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေက သေမှုသေခင်းအစီရင်ခံ တင်ပြသွားဖို့ရှိပြီး အခုဖြစ်ပွားခဲ့တဲ့ ပန်းခြံနေရာမှာ ငှက်ကျားထိုးဆိတ်မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။

သြစတြေးလျ ငှက်ကျားတွေဟာ ဥရောပ ငှက်ကျားတွေနဲ့ မျိုးစိတ် ကွာခြားမှုတွေရှိပြီး မိတ်လိုက်တဲ့ ရာသီမှာ စိတ်ရိုင်းဝင်ကာ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။ စက်တင်ဘာလ အစောပိုင်းမှာလည်း ဒေသခံတွေကို အမြဲတိုက်ခိုက်လေ့ရှိတဲ့ “Monster” အမည်ရ ငှက်ကျားကို သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ငှက်ကျားပစ်သတ်မှုဟာ ငှက်ကျားအန္တရာယ်ကို ကာကွယ်တဲ့ နောက်ဆုံးဖြေရှင်းနည်းဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပေမယ့် တိရစ္ဆာန်ချစ်သူတွေကတော့ အဲဒီဆုံးဖြတ်ချက်တွေကို ကန့်ကွက်တာမျိုးတွေ ရှိခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ ငှက်ကျားများကို လူတော်တော်များများက ချစ်ခင်ကြပြီး ငှက်ကျားမျိုးစိတ်ကို ဥပဒေအရ ကာကွယ်ပေးထားတာတွေလည်း ရှိပါတယ်။

Ref. BBC

You may also like these stories:

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အန္တရာယ်အများဆုံး နိုင်ငံများ

Selfie ရိုက်ရင်း သေဆုံးမှုများ ကမ္ဘာတဝှမ်းမှာ တနှစ်ထက်တနှစ် ပိုတိုးလာ

မြွေကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့ Application တီထွင်လိုက်တဲ့ အမျိုးသား 

“အမြန်ဆုံး ကားမောင်းနိုင်သူ”လို့ လူသိများတဲ့ အမျိုးသမီး ကွယ်လွန်

Did you find apk for android? You can find new Free Android Games and apps.
Loading