Trend

အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးကို ပညာသင်ကြားရေး စနစ်ထဲ ထည့်သွင်းထားတဲ့ ထိုင်းက စာသင်ကျောင်း

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ်မှာ ပညာသင်ကြားရေး နည်းစနစ်တွေက ပုံစံမျိုးစုံ ပြောင်းလဲလာခဲ့ပါတယ်။ ကလေးတွေကို စာသင်ခန်းထဲမှာ ပိတ်လှောင်ထားတဲ့ ပညာရေးစနစ်ဟာ ဒီနေ့ခေတ်မှာ ခေတ်စားတဲ့စနစ် မဟုတ်တော့ပါဘူး။ နိုင်ငံအများစုမှာတော့ ကလေးတွေကို တကယ့် လက်တွေ့ဘဝနဲ့ ပိုမို နီးစပ်တဲ့ ပညာသင်ကြားရေးစနစ်ကို အသုံးပြုလာကြပါတယ်။

ကလေးတွေကို ငယ်စဉ်အချိန်ကတည်းက ချက်ပြုတ်ရေးပညာ သင်ကြားပေးခြင်းဟာ ကျန်းမာတဲ့ လူမှုဘဝကို ရရှိစေနိုင်ပါတယ်။ ဘာလို့ ရရှိစေနိုင်သလဲဆိုတော့ သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာတဲ့ အစားအသောက်တွေကို ကိုယ်တိုင် ရွေးချယ်နိုင်သွားလို့ပါပဲ။

ကယ်လီဖိုးယား ပညာရေးဦးစီးဌာနက ၄ တန်းကနေ ၈ တန်းအထိ ကလေးတွေကို သုတေသနပြု လုပ်ခဲ့ရာမှာ ကလေး ၈၇ ရာခိုင်နှုန်းက ကိုယ်စားမယ့် အစားအစာတွေကို ကိုယ်တိုင် ချက်ပြုတ်ကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင်တော့ ကလေးတွေကို အောဂဲနစ် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးပါ သင်ပေးတဲ့ ပညာရေးစနစ်ကို ထိုင်းနိုင်ငံက Ban Ruam Jai ကျောင်းမှာ သင်ကြားပေးနေပါတယ်။ ဒီလိုစာသင်ကျောင်းမျိုးမှာတော့ ကလေးတွေဟာ ဓာတုဆေး အသုံးမပြုတဲ့ အောဂဲနစ်သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးကြရပြီး ထိုင်းကျန်းမာရေး   မြှင့်တင်မှု ဖောင်ဒေးရှင်းက Ban Ruam Jai ကျောင်းကို ထောက်ပံ့ပေးထားပါတယ်။

အောဂဲနစ်သီးနှံ စိုက်ပျိုးရေးကို သင်ကြားပေးတဲ့ ဆရာဖြစ်သူ Jakkapong Palamae ကလည်း သူ့ကျောင်းမှာ ၇ တန်းကနေ ၉ တန်းအထိ ကလေးတွေကို စိုက်ပျိုးရေးပညာ သင်ကြားပေးနေတဲ့အပြင် ချက်ပြုတ်ရေး ပညာကိုလည်း သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

Ban Ruam Jai ကျောင်းမှာ အသက် ၁၃ နှစ်သာရှိသေးတဲ့ အာခါလူမျိုး မိန်းကလေးတယောက် ရှိပါတယ်။ သူကတော့ ၆ တန်းမှာပညာသင်ကြားနေတဲ့ Mallika Sae-Lee ဆိုသူပါ။ ကလေးအများစု အတွက်ကတော့ မနက်စောစာထပြီး ကျောင်းလာရတာ ခက်ခဲတဲ့ အလုပ်တခု ဖြစ်ပေမယ့် သူကတော့ နေ့စဉ်စောစောထပြီး စိုက်ခင်းတွေဆီကို လာလေ့ ရှိပါတယ်။

သူဟာ အော်ဂဲနစ်စိုက်ခင်းကို ရှင်သန်အောင် စောင့်ရှောက်နေကြတဲ့ ဒေသခံကျောင်းသား များစွာထဲက တယောက်ပါ။ မနက်တိုင်းမှာ အာခါ ကျောင်းသူလေးဟာ စိုက်ခင်းတွေကို  ရေလောင်းပေါင်းသင်လေ့ ရှိသလို ချက်ပြုတ်လို့ ရနေပြီဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ခူးလေ့ ရှိပါတယ်။

“ကျမ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ကျမကိုယ်တိုင် စားသောက်ရတဲ့အခါ အလွန်ပျော်ပါတယ်။ အဲဒီဟင်းသီးဟင်းရွက်တွေက ပိုးသတ်ဆေးကို အသုံးပြုပြီး စိုက်ပျိုးထားတာ မဟုတ်တဲ့အတွက် ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ပြုပါတယ်” လို့ သူက ပြောပါတယ်။

သူ့မှာ ယုံကြည်ချက်တခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဈေးထဲမှာ ရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ပိုးသတ်ဆေး ဒါမှမဟုတ် ဓာတုပစ္စည်းတွေကို အသုံးပြုထားတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

Ref. Chiangraitimes

You may also like these stories:

မြန်မာတွေ အတုယူသင့်တဲ့ ဗီယက်နမ်နိုင်ငံက Farm Tourism

ဆန်နဲ့ ပီလောပီနံကို အသုံးပြုပြီး အအေးသောက် ပိုက်တွေ တီထွင်လိုက်တဲ့ မလေးရှားကုမ္ပဏီ

ပလတ်စတစ်ကို အသုံးဝင်ပစ္စည်းအဖြစ် ပြောင်းလဲနိုင်တဲ့ ဘက်တီးရီးယားကို ကျောင်းသူနှစ်ဦး တီထွင်

ကိုယ်တွင်းအဆိပ်တောက်တွေကို အချိန်တိုအတွင်း လျော့ကျစေတဲ့ အော်ဂဲနစ်အစားအစာများ

Did you find apk for android? You can find new Free Android Games and apps.
Loading