Trend

ဒေါ်လာသန်းနဲ့ချီ လေလံအောင်ခဲ့တဲ့ ကမ္ဘာကျော်တွေရဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် အနုပညာရှင်အများစုဟာ သူတို့ရဲ့ ကိုယ်ပိုင် အသုံးအဆောင်တွေ အပါအဝင် ကိုယ်တိုင်ပြုလုပ်တဲ့ အရာဝတ္ထု ပစ္စည်းတွေကို လေလံတင် ရောင်းချကာ ရရှိတဲ့ငွေနဲ့ ပြန်လည် လှူဒါန်းတာမျိုးတွေကို ပြုလုပ်လေ့ ရှိကြပါတယ်။ သူတို့ရဲ့ပရိသတ်တွေကလည်း ဘယ်လိုပစ္စည်းမျိုးကိုမဆို အလုအယက် လေလံဆွဲဝယ်ယူလေ့ ရှိကြပြီး ဒီလိုလေလံတင် ရောင်းချတဲ့ ပစ္စည်းတွေထဲကမှ ထူးထူးဆန်းဆန်း ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Elvis Presley ရဲ့အတွင်းခံ

သီချင်းကောင်းမြောက်များစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲအထိ နေရာယူထားနိုင်ခဲ့တဲ့ ကမ္ဘာကျော် အဆိုတော် Elvis Presley ကို မသိသူ မရှိသလောက်ပါပဲ။ ၂၀၁၂ ခုနှစ်တုန်းက Elvis Presley ရဲ့ ညစ်ပေနေတဲ့ အတွင်းခံဘောင်းဘီ တထည်ကို လေလံကြမ်းခင်းဈေး ဒေါ်လာ ၁၁,၀၀၀ နဲ့တင်ခဲ့ရာ သူ့ရဲ့ ပရိသတ်တဦးက ဒေါ်လာ ၉၄,၆၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။

(၂) Brad Pitt နဲ့ Angelina Jolie တို့ အသက်ရှူ ထုတ်လိုက်တဲ့လေ

အလိုက်ဖက်ဆုံး ကမ္ဘာကျော်စုံတွဲ တတွဲဖြစ်ခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie တို့ရဲ့ အသက်ရှု ထုတ်လိုက်တဲ့လေကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၅၂၃ ဒေါ်လာ ပေးပြီး ဝယ်ယူခဲ့သူတဦး ရှိခဲ့ပါတယ်။

(၃) Michael Jackson ရဲ့ မီးလောင်သွားတဲ့ ဆံပင်

၁၉၈၄ ခုနှစ်တုန်းက မိုက်ကယ်ဂျက်ဆင်ဟာ အချိုရည်အတွက် ကြော်ငြာရိုက်ကူးပေးနေစဉ် သူ့ရဲ့ရှေ့ဆံပင်တချို့ မီးလောင်သွားခဲ့တဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့ဖူးပါတယ်။ ဒီမီးလောင်သွားတဲ့ ဆံပင်ကို ပရိုဂျူဆာ Ralph ဟာ အမိအရ သိမ်းဆည်းခဲ့ပြီး မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားစဉ်မှာ ဒေါ်လာ ၁၆၀၀ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

(၄) Scarlett Johansson ရဲ့ သုံးပြီးသား တစ်ရှူး

မင်းသမီးချော Scarlett Johansson ဟာ The Tonight Show ကို တက်ရောက်ခဲ့စဉ်မှာ နှာချေဖို့အတွက် တစ်ရှူးကို နှစ်ကြိမ်တိုင် အသုံးပြုခဲ့ပြီး အဲဒီအသုံးပြုပြီးသား တစ်ရှူးကို ဒေါ်လာ ၅,၃၀၀ နဲ့လေလံတင်ရောင်းချခဲ့ပါတယ်။

Ref. msn.com

You may also like these stories:

ထူးဆန်းတဲ့ အကြောက်လွန်ရောဂါတွေ ရှိကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

အလှူအတန်းတွေ ပြုလုပ်ရာမှာ လျှို့ဝှက်သိုသိပ်စွာ လှူဒါန်းကြတဲ့ ကမ္ဘာကျော်များ

Did you find apk for android? You can find new Free Android Games and apps.
Loading