• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

Grab ရဲ့ “Grab for Good” အစီအစဉ်နဲ့ မသန်စွမ်းသူများအတွက် အကူညီပေးမယ့် စီမံချက်

by ဧရာဝတီ
24 September 2019
in Trend
A A
မသန်စွမ်းသူ ခရီးသည်များအတွက် ရည်ရွယ်တဲ့ အငှားယာဉ် ဝန်ဆောင်မှုတမျိုးကို Grab က မိတ်ဆက်လိုက်ပါတယ်

မသန်စွမ်းသူ ခရီးသည်များအတွက် ရည်ရွယ်တဲ့ အငှားယာဉ် ဝန်ဆောင်မှုတမျိုးကို Grab က မိတ်ဆက်လိုက်ပါတယ်

5k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ Grab မှ နားမကြားသူများနဲ့ အကြားအာရုံ ချို့တဲ့သူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် ဒေသလုံးဆိုင်ရာ Break the Silence လှုပ်ရှားမှုကို မိတ်ဆက်ပေးခဲ့ပါတယ်။

မသန်စွမ်းသူများရဲ့ လိုအပ်ချက်များကို အကူညီပေးနိုင်ရန်အတွက် Grab မှ “GrabGerak” လို့ အမည်ရတဲ့ မသန်စွမ်းသူ ခရီးသည်များအတွက် ရည်ရွယ်တဲ့ အငှားယာဉ် ဝန်ဆောင်မှုတမျိုးကို အင်ဒိုနီးရှားနိုင်ငံက မြို့နှစ်မြို့မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ GrabGerak ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီး Medan နဲ့ Semarang မြို့တို့မှာ စတင် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.4k
မြိတ်မြို့

မြိတ်မြို့

11 May 2025
594
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
260

ယနေ့မှစပြီး Grab ဟာ “Break the Silence” စီမံချက်ကို အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ထံ တိုးချဲ့လုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို လက်ရှိ လုပ်ဆောင်နေတဲ့ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ အရှိန်တိုးမြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Grab ပလက်ဖောင်းပေါ်မှာ အကြားအာရုံ ချို့တဲ့သူ မိတ်ဖက်ယာဉ်မောင်းပေါင်း ၅၀၀ ကျော် ရှိပြီး လာမယ့်နှစ်မှာ ၂ ဆ တိုးမြင့်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ယခုနှစ် အကြားအာရုံ ချို့တဲ့သူများရဲ့ နိုင်ငံတကာ ရက်သတ္တပတ် (စက်တင်ဘာ ၂၃ မှ ၃၀ ရက်အထိ) အတွင်းမှာ Grab အနေနဲ့ ဒေသတွင်း အကြားအာရုံ ချို့တဲ့သူများကို ကူညီပေးသူတွေအတွက် ထိရောက် ပြည့်စုံတဲ့ သင်ကြားပို့ချမှုများနဲ့ အကူညီပေးနိုင်ရန် Gerkatin in Indonesia, Malaysia Federation of Deaf, Singapore Association of the Deaf နဲ့ The National Association of the Deaf Thailand တို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Grab ယာဉ်မောင်းများအနေနဲ့ ခရီးသည်တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ရန် သီးသန့် ထည့်သွင်းပေးထားတဲ့ Grab app widget တခုမှ တဆင့် အကြားအာရုံ ချို့တဲ့သူ အသိုက်အဝန်းနဲ့ ဆက်သွယ်နိုင်ရန် သင်ကြားပေးတဲ့ Sign Dictionary ကို ထည့်သွင်းပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်မောင်းများကို မသန်စွမ်းခရီးသည်များအား ပိုမို ကူညီပေးနိုင်ရန် လစဉ် သင်တန်းများကိုလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Grab ကုမ္ပဏီအနေနဲ့ ၎င်း၏ လူမှုပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှု ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အစီရင်ခံစာမှာ မတ်လ ၁၀၉ အထိ ၁၂ လတာ ကာလအတွင်း အရှေ့တောင်အာရှတွင်း စီးပွားရေးကဏ္ဍမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ ထည့်ဝင်ထားကြောင်း ဖော်ပြထားပါတယ်။

Grab အနေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ ပရဟိတအဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အရှေ့တောင်အာရှနိုင်ငံသား ၃ သန်းကို ဒစ်ဂျစ်တယ် သိနားလည်မှု တိုးတက်လာပြီး ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ ပိုမို ရယူ အသုံးချနိုင်စေရန် ရည်ရွယ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Grab မှ “Grab for Good” အစီအစဉ်အောက်မှာ ကနဦး လုပ်ဆောင်ချက် နှစ်ခုအဖြစ် Grab နဲ့ Microsoft တို့အကြား ပူးပေါင်းလုပ်ဆောင်ပြီး ဒစ်ဂျစ်တယ် သိနားလည်မှုနဲ့ အသုံးချမှု စွမ်းရည် မြှင့်တင်ရေး လုပ်ဆောင်ချက်၊ Grab ရဲ့ စီးပွားရေး အသိုက်အဝန်းမှ တဆင့် နားမကြားသူများနဲ့ အကြားအာရုံချို့တဲ့သူများ ဒစ်ဂျစ်တယ် စီးပွားရေး စနစ်အတွင်း ပိုမိုအဆင်ပြေလွယ်ကူစွာ ပါဝင်လာနိုင်စေမယ့် ဒေသလုံးဆိုင်ရာ “Break the Silence” လုပ်ဆောင်ချက်တို့ကို စတင် ဆောင်ရွက်သွားဖို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

“Grab for Good”ဆိုတာက လူအားလုံး ပါဝင်နိုင်တဲ့ ပြည့်စုံတဲ့ ပလက်ဖောင်းတခုကို တည်ဆောက်နေတာပဲ ဖြစ်တယ်။ ဒါက Grab လုပ်ကိုင်တဲ့ နိုင်ငံတိုင်းမှာ ကောင်းမွန်ပြီး ခိုင်မာတဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးမယ်ဆိုတဲ့ ကျနော်တို့ရဲ့ ကတိကဝတ်လည်း ဖြစ်ပါတယ်”လို့ Grab ရဲ့ Group CEO နဲ့ Co-founder ဖြစ်သူ Anthony Tan က ပြောပါတယ်။

“Grab for Good” အစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူတိုင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒစ်ဂျစ်တယ် စီးပွားရေးမှတဆင့် အကျိုးကျေးဇူး ခံစားခွင့် ရရှိစေရန် ဖြစ်ပါတယ်။

လိုအပ်ချက် အမျိုးမျိုးရှိနေတဲ့ ခရီးသည်တွေအတွက် အထူးရည်ရွယ်တဲ့ အထူး အငှားယာဉ်ဝန်ဆောင်မှုကို စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ရရှိနေပြီး အဲဒီ ဝန်ဆောင်မှုကိုတော့ Grab Assist လို့ ခေါ်ဆိုကြောင်း သိရပါတယ်။

Grab ဟာ အရှေ့တောင်အာရှတွင်း ထိပ်တန်း နေ့စဉ်သုံး Super app ဖြစ်ပြီး သုံးစွဲသူတွေအတွက် နေ့စဉ်သုံး ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။ ယခုအခါ Grab app ကို ဒေါင်းလုတ်ထားတဲ့ မိုဘိုင်းဖုန်းပေါင်း ၁၆၃ သန်းကျော် ရှိနေပြီး စတင် တည်ထောင်ချိန် ၂၀၁၂ ခုနှစ်က စတင်ကာ ခရီးစဉ်ပေါင်း ၄ ဘီလျံကျော် ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

You may also like these stories:

ဝန်ဆောင်မှုအသစ်များနဲ့အတူ မြန်မာဘာသာစကား ပါဝင်လာတဲ့ Grab Application

ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကြောင့် Uber နဲ့ Grab တို့ ကန်ဒေါ်လာ ၉.၅ သန်း ဒဏ်ရိုက်ခံရ

ရေငုပ်သငေ်္ဘာ ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

Your Thoughts …
Tags: Break the SilenceGrabGrab for Good
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Grab Myanmar မှ တာဝန်ရှိသူ တဦး  / Grab Myanmar

၂၀၂၀ မှာ ပြုလုပ်မယ့် အစီအစဉ်အသစ်တွေကို Grab မိတ်ဆက်

by ရေဗန်
18 February 2020
5.4k

Grab Taxi စီးသူများ အဆင်ပြေစေဖို့အတွက် ဖုန်းခေါ်ဆိုငှားရမ်းနိုင်တဲ့ GrabTaxiCall ဝန်ဆောင်မှု၊ ခရီးသည်များ နာရီအလိုက်နဲ့ တနေ့တာလုံးငှားရမ်းနိုင်တဲ့ အစီအစဉ်အသစ်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။

Grab Taxi ဝန်ဆောင်မှု  / သီဟတိုး / ဧရာဝတီ

Grab နဲ့ Samsung ပူးပေါင်းပြီး “Grab-A-Note Race” ပြိုင်ပွဲ ပြုလုပ်မည်

by သီဟတိုး
4 January 2018
28.5k

Grab-A-Note ပြိုင်ပွဲကြီးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အချိန်ကြာမြင့်မယ့် အဆိုပါ ပွဲစဉ်တခုလုံးကို ပြိုင်ပွဲဝင်များ အသုံးပြုနိုင်ရန်...

ရန်ကုန်မြို့လည်တွင် တွေ့ရသည့် Grab App ဖြင့် ငှားရမ်းနိုင်သည့် အငှားယာဉ် တစီး / အောင်ကျော်ထက် / ဧရာဝတီ

Grabနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၅ ခု အဂတိကော်မရှင်ထံ တိုင်ကြားခံရ

by အောင်သီဟ
18 December 2019
36k

ရန်ကုန်ုတိုင်း သယ်ယူပို့ဆောင်ရေးလုပ်သားများ သမဂ္ဂ အဖွဲ့ အနေဖြင့် အက်ပလီကေးရှင်းသုံး သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ ဖြစ်သည့် Grab၊ Oway၊ Hello Cab၊ 7 Brotherနှင့် Get Ride ကုမ္ပဏီတို့ကို...

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူခဲ့ပါတယ်

ဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကြောင့် Uber နဲ့ Grab တို့ ကန်ဒေါ်လာ ၉.၅ သန်း ဒဏ်ရိုက်ခံရ

by Nigma
24 September 2018
8.4k

Grab ဟာ Uber ရဲ့ အရှေ့တောင်အာရှလုပ်ငန်းတွေကို မတ်လတုန်းက ဝယ်ယူကာ၊ Uber လုပ်ငန်းတွေကို Grab နဲ့ ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင် အာရှဒေသတွင်း လုပ်ငန်းလည်ပတ်မှုများအတွက် ပူးပေါင်းလိုက်တဲ့ Uber နှင့် Grab / ဧရာဝတီ

အရှေ့တောင် အာရှဒေသတွင်း လုပ်ငန်းလည်ပတ်မှုများ အတွက် Uber နှင့် Grab ပူးပေါင်းလိုက်ပြီ

by သီဟတိုး
26 March 2018
12.3k

အဆိုပါ ပေါင်းစည်းမှုနဲ့ Grab ဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ထိပ်တန်း online-to-offline (O2O) မိုဘိုင်း ပလက်ဖောင်း အဖြစ် လည်းကောင်း၊ အစားအသောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းမှာ အဓိကကျတဲ့

အင်ဒိုနီးရှားနိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ ၁၀ ခုမြောက် Grabkitchen

Grab App သုံးစွဲသူတွေအတွက် အင်ဒိုနီးရှားမှာ ဖွင့်လှစ်ခဲ့တဲ့ GrabKitchen ဝန်ဆောင်မှု

by ဧရာဝတီ
10 October 2019
12.4k

GrabKitchen ဆိုတာက တနေရာတည်းမှာ စားသောက်ဆိုင်ပေါင်းများစွာ ဖွင့်ပြီး အစားအသောက်မျိုးစုံ မှာယူ ရရှိနိုင်တဲ့ နေရာတခုပဲ ဖြစ်ပါတယ်။  

Next Post
မန္တလေးရတနာမောလ်တွင် ကျောက်အရောင်း အဝယ်ပြုလုပ်နေကြသူများ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတွင် ပထမဆုံးအကြိမ် ကျောက်စိမ်းအရိုင်းထည်ပြပွဲ ပြုလုပ်မည်

အကျဉ်းဦးစီးဌာနကျောက်မိုင်းမှ လွင့်စင်ကျောက်ခွဲသားများ ပြည်သူထိခိုက်ပါက အရေးယူပေးမည် (ရုပ်/သံ)

အကျဉ်းဦးစီးဌာနကျောက်မိုင်းမှ လွင့်စင်ကျောက်ခွဲသားများ ပြည်သူထိခိုက်ပါက အရေးယူပေးမည် (ရုပ်/သံ)

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate