သရဲကားကြည့်ရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် အထူးအခွင့်အရေးလို့တောင် ပြောလို့ရမယ့် အခွင့်အရေး တခုကို US dish ကုမ္ပဏီကနေ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။
Horror,Thriller စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ Horror ဇာတ်ကား ၁၃ ကားကို ဟောလိုးဝင်းညမှာ တယောက်တည်းကြည့်ရုံနဲ့ ဒေါ်လာ ၁၃၀၀ ကို ရရှိနိုင်မှာဖြစ်တာကြောင့် Stephen King ပရိသတ်တွေ သွားရောက်စမ်းသပ်သင့်တဲ့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။
IT Chapter Two အပါအဝင် Stephen King ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၃ ကားကျော် ရှိတဲ့အထဲမှာမှ လာမယ့်ဟောလိုဝင်းညမှာ ကြည့်ရှုဖို့ ရွေးထုတ်ထားတဲ့ ဇာတ်ကားတွေကတော့ Children of the corn, Carrie, Christine,Creepshow, Cujo, Dreamcatcher, It, The Mist, Pet Sematary, Salem’s Lot, The Shining, Thinner, Misery စတဲ့ ဇာတ်ကားတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ USDish.com Website ကို Application Form ဖြည့်ကာ လျှောက်ထား ရမှာဖြစ်ပြီး သင်ဟာ ဒီအစီအစဉ်နဲ့ ဘာကြောင့်ကိုက်ညီတယ်၊ ဘာကြောင့် ဒီအစီအစဉ်ကို စိတ်ဝင်စားတယ် ဆိုတာတွေကို စာလုံးပေါင်း ၂၀၀ ခန့် စာရေးသား လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။
ဒါတွေအပြင် ဇာတ်ကားတွေ ကြည့်ရှုနေစဉ်မှာ ဖြစ်ပေါ်တဲ့ နှလုံးခုန်နှုန်း၊ အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်း စတာတွေကိုလည်း တွဲဖက်ပို့ပေးရမှာ ဖြစ်ပြီး ဖောင်ပိတ်ရက်ကတော့ အောက်တိုဘာလ ၁၅ ရက်နေ့ပဲ ဖြစ်ပါတယ်။
ဒီအခွင့်အရေးမှာ ရွေးချယ်ခံရတဲ့သူတွေအနေနဲ့ ဇာတ်ကားကြည့်ရှုနေစဉ် အသုံးပြုနိုင်မယ့် ခြုံစရာစောင်၊ နှလုံးခုန်နှုန်း တိုင်းကိရိယာ၊ သကြားလုံး၊ ပေါက်ပေါက်ဆုပ်၊ ရေနဲ့ အဆာပြေစားစရာ တချို့ကို ရရှိနိုင်မှာပါ။ Horror ဇာတ်ကား ၁၃ ကားလုံးကို တယောက်တည်းကြည့်ရှုပြီးလို့ အောင်မြင်သွားရင်တော့ ဒေါ်လာ ၁၃၀၀ ကို လက်ငင်းရရှိမှာဖြစ်တဲ့အပြင် အပန်းဖြေခရီးထွက်ခွင့်ရမယ့် အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။
Ref. mentalfloss.com
You may also like these stories:
Halloween ညမှာ ဖြစ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်များ
ရုပ်ရှင်ချစ်သူတွေ စောင့်မျှော်ကြည့်ရှုရတောမယ့် Horror ရုပ်ရှင်များ
Annabelle ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ရုံထဲမှာ အသက် သေဆုံးသွားတဲ့ အမျိုးသား