တယောက်နဲ့တယောက် Chat Box မှာ စကားတွေ အပြန်အလှန်ပြောကြတဲ့အခါ ဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံတွေ၊ Status တွေ တင်တဲ့အခါမျိုးမှာဖြစ်ဖြစ် emoji လေးတွေကို အသုံံးပြုဖူးကြမှာပါ။ emoji ပေါင်းများစွာ ရှိတဲ့အထဲမှာမှ တော်တော်များများဟာ emoji ပုံစံကိုကြည့်ပြီး လွယ်လွယ်ကူကူ ခန့်မှန်းကာ သုံးလိုက်ကြပေမယ့် သူတို့ရဲ့ အမှန်တကယ်ဆိုလိုရင်းကတော့ ကွဲပြားခြားနားနေပါတယ်။
အခုဖော်ပြပေးမှာကတော့ လူအများစု မှားယွင်းစွာ သုံးနေကြတဲ့ emoji တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) လူတော်တော်များများဟာ ဒီ emoji ကို ဆုတောင်းတာ၊ ရှိခိုးတာ စသဖြင့် အသုံးပြုတတ်ကြပေမယ့် သူ့ရဲ့ဆိုလိုရင်းအမှန်ကတော့ ဂျပန်လူမျိုးတွေ ခွင့်လွှတ်ပေးဖို့ တောင်းပန်တဲ့အခါ သုံးလေ့ရှိတဲ့ လက်သင်္ကေတပါ။ ဒါ့အပြင် ဒီသင်္ကေတဟာ အမေရိကန်တွေရဲ့ ရှင်းပြချက်အရဆိုရင် High-five လုပ်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
(၂) ဖျတ်ခနဲ ကြည့်လိုက်မယ်ဆိုရင်တော့ ဒီ emoji ကို အနမ်းပေးတာလို့ ထင်ရပေမယ့် တကယ့် ဆိုလိုရင်း အမှန်ကတော့ လေချွန်တာ၊ ဝီစီမှုတ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နှုတ်ခမ်းနေရာမှာ အသည်းပုံရှိတဲ့ emoji ကမှ နမ်းတဲ့သင်္ကေတ အစစ်အမှန် ဖြစ်ပါတယ်။
(၃) ဒီ emoji ကတော့ အောက်မှာ တခုခု ရေးထားတာကို ညွှန်ပြတဲ့ ပုံစံအနေနဲ့ အများစုက အသုံးပြုကြပေမယ့် တကယ့်ဆိုလိုရင်းအမှန်ကတော့ စိတ်မချမ်းမသာ ဖြစ်နေတာ၊ စိတ်ပျက်နေတဲ့အခါမျိုးမှာ သုံံးဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။
(၄) လက်သီးဆုပ်ထားတဲ့ ပုံစံရှိတဲ့ ဒီ emoji ရဲ့ ဆိုလိုရင်းအမှန်ကတော့ လေးစားမှုကို ဖော်ပြတာနဲ့ ဝမ်းမြောက်ကြောင်းကို ပြောဆို ဖော်ပြချင်တဲ့အခါ သုံးဖို့ပဲ ဖြစ်ပါတယ်။
(၅) emoji တွေထဲမှာ အနီရောင်ကြက်ခြေခတ်ပုံ အမှားသင်္ကေတလေးကို တစုံံတခုကို တားမြစ်ပိတ်ပင်တဲ့အခါမျိုးမှာ အသုံးများကြလေ့ရှိပေမယ့် အင်္ဂလိပ်လူမျိုးတွေ ဆိုရှယ်မီဒီယာပေါ်ကနေ စကားစမြည်ပြောဆိုကြတဲ့အခါမျိုးမှာ အနမ်းပေးတဲ့ သင်္ကေတ တခုအနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။
Ref. www.brightside.me