Trend

ကမ္ဘာတဝှမ်းက ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံး ကမ်းခြေများ

ကမ်းခြေတွေဟာ လူအများရဲ့စိတ်ကို အပန်းပြေစေပြီး ပျော်ရွှင်မှုတွေ ရစေနိုင်တာမှန်ပေမယ့် အခုဖော်ပြပေးမယ့် ကမ်းခြေတွေကတော့ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံး ကမ်းခြေတွေပဲ ဖြစ်ပါတယ်။

(၁) Gansbaai

တောင်အာဖရိကမှာရှိတဲ့ Gansbaai ကမ်းခြေဟာဆိုရင်တော့ ငါးမန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြပြီးပင်လယ်ထဲက ငါးမန်းတွေကို အနီးကပ်ကြည့်ရှုခွင့်ရတဲ့အတွက် နာမည်လည်းကြီးလှပါတယ်။ ငါးမန်းတွေကို လေ့လာဖို့ ရေအောက်မှာ ဆောက်ထားတဲ့ လှောင်အိမ်တွေဟာ ခိုင်ခန့်မှုရှိပေမယ့် မတော်တဆများ လှောင်အိမ်အပြင်ဘက်ကို ရောက်သွားမယ် ဆိုရင်တော့ ငါးမန်းစာ ဖြစ်မှာ အသေအချာပါ။

(၂) Chowpatty Beach

အိန္ဒိယနိုင်ငံမှာရှိတဲ့ Chowpatty ကမ်းခြေကတော့ ကမ္ဘာ့အညစ်ညမ်းဆုံး ကမ်းခြေစာရင်းဝင် တခုဖြစ်ပြီး အဲဒီကမ်းခြေမှာရှိတဲ့ ရေတွေဟာ ရေကူးဖို့အတွက် မသင့်တော်လောက်အောင်ကို ညစ်ညမ်းနေတာပါ။ ဒီရေတွေနဲ့ ထိမိမယ်ဆိုရင်တောင် လည်ချောင်းနာတာ၊ အသက်ရှုကြပ်တာနဲ့ အရေပြားပျက်စီးတာ စတာတွေ ဖြစ်နိုင်ပါတယ်။

(၃) New Smyrna Beach

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာရှိတဲ့ New Smyrna ကမ်းခြေကတော့ ငါးမန်းတိုက်ခိုက်မှု အများဆုံး ဖြစ်လေ့ရှိတာကြောင့် ဂင်းနစ်စံချိန် တင်ရလောက်အောင်ထိ ကြောက်စရာကောင်းတဲ့ ကမ်းခြေတခုပါ။ တနှစ်ကို ငါးမန်းကိုက်ခံရမှု ၂၀၀ ကျော်အထိ ရှိတာကြောင့် အန္တရာယ်ရှိတဲ့ ကမ်းခြေတခုလည်း ဖြစ်ပါတယ်။

(၄) Fraser island

သြစတြေးလျမှာရှိတဲ့ Fraser ကျွန်းကမ်းခြေဟာဆိုရင်တော့ ကမ္ဘာ့အလှပဆုံး ကမ်းခြေစာရင်းဝင်တခုဖြစ်ပေမယ့် ငါးမန်းတွေ၊ Jellyfish တွေ၊ အဆိပ်ရှိပင့်ကူတွေနဲ့ မိကျောင်းတွေကြောင့် အန္တရာယ်အရှိဆုံး ကမ်းခြေတခုလည်း ဖြစ်ပါတယ်။

(၅) Playa Zipolite

မက္ကဆီကိုမှာရှိတဲ့ Playa Zipolite ကမ်းခြေဟာဆိုရင်တော့ လာရောက် အနားယူသူတွေ စံချိန်တင်လောက်အောင် အများအပြား သေဆုံးမှုကြောင့် သေခြင်းရဲ့ကမ်းခြေလို့တောင် တင်စားခေါ်ဝေါ်ကြတာပါ။ တခြားသော ကမ်းခြေတွေလို ငါးမန်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ ရေနစ်သေဆုံးမှုတွေကြောင့် အန္တရာယ်အရှိဆုံး ကမ်းခြေတခု ဖြစ်နေတာပါ။

Ref. weather.com

You may also like these stories:

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် အန္တရ

ယ်အများဆုံး နိုင်ငံများ

ကမ္ဘာပေါ်က အန္တရာယ်အများဆုံး ကမ်းခြေများ

ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံ းနိုင်ငံများ

ကမ္ဘာပေါ်က အကျည်းတန်ဆုံး မြို့များ

ကမ္ဘာကြီးပေါ်က အန္တရာယ်အများဆုံးဒေသများ

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး အားကစားနည်းများ

Loading