လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုးသော ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ Memes တွေနဲ့ ရေပန်းစား လူသိများနေကြတဲ့ ကြောင်တွေအများကြီးထဲမှာမှ အခုဖော်ပြပေးမယ့် ဂျပန်နိုင်ငံက ကြောင်လေးကတော့ တမူထူးခြားနေတာပါ။ ဂျပန်နိုင်ငံက အသက် ၃ နှစ်အရွယ်ရှိ Chaco လို့အမည်ရတဲ့ ကြောင်လေးဟာဆိုရင် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ကတတ်တာကြောင့် လူမှုကွန်ရက် အသုံးပြုသူတွေကြား ရေပန်းစား လူကြိုက်များနေပါတယ်။
ဘဲလေး ကချေသည် တယောက်လို ခန္ဓာကိုယ်ကို စည်းချက်ညီညီနဲ့ ကတတ်တဲ့အပြင် Breakdance အကလို ခပ်သွက်သွက်နဲ့ အလန်းစားအကတွေ ကပြတတ်တာကြောင့်လည်း ကြောင်လေး Chaco ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေတာပါ။
ဒီလို ကကွက် ဆန်းဆန်းပြားပြားတွေနဲ့ ကပြဖျော်ဖြေတတ်တဲ့ ကြောင်လေး Chaco ရဲ့ Instagram အကောင့် နာမည်ကတော့ Wakaponsan ဖြစ်ပြီး လက်ရှိမှာတော့ Follower ပေါင်း ၂ သောင်း ၇ ထောင်ကျော်အထိ ရှိနေတာပါ။ ဒီ Instagram အကောင့်မှာဆိုရင်တော့ ကကွက်အမျိုးမျိုးကို ပိုင်ပိုင်နိုင်နိုင် ကနေတဲ့ chaco ရဲ့ဓာတ်ပုံတွေအပြင် Chaco ရဲ့ညီမဖြစ်သူ ကြောင်လေး Suzukaရဲ့ ဓာတ်ပုံတချို့ကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ကြောင်လေး Chaco ကို Ageo မြို့က ကြောင်တွေနဲ့ ပြည့်နှက်နေပြီး ပိုင်ရှင်မဲ့ကြောင်တွေ မွေးမြူထားပေးတဲ့ Cat café တခုကနေ သူ့သခင်ဖြစ်သူက မွေးစားခဲ့တာဖြစ်ပြီး Chaco ကို မြင်မြင်ချင်းမှာပဲ မွေးစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ရဲ့သခင်ဖြစ်သူက ဆိုပါတယ်။ ကြောင်လေး Chaco နဲ့ Suzuka ကိုပါ မွေးစားပြီးပေမယ့် သခင်ဖြစ်သူဟာ ဒီ Cat Café ကို ကြောင်စာတွေ လှူဒါန်းနေတုန်းပဲလို့ ဆိုပါတယ်။
Professional Dancer တယောက်လို ကကွက်မျိုးစုံကို ပိုင်နိုင်ကျွမ်းကျင်တဲ့ Chaco ဟာဆိုရင် လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာသာမက နိုင်ငံတကာက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာပါ “Dancing Cat” (ကနေတဲ့ ကြောင်လေး) ဆိုပြီး နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
Ref. www.boredpanda.com