အသက်မပြည့်သေးတဲ့ အမျိုးသမီးအများစုဟာ ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။ အဲဒီလို ပြည့်တန်ဆာ လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီး အများစုဟာ အခြေခံပညာကိုတောင် ကောင်းစွာ သင်ကြားခဲ့ရခြင်း မရှိပါဘူး။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေရတဲ့ ကလေးပေါင်း ၁၀ သန်း ရှိနေပါတယ်။ အခုလို အသက်မပြည့်ခင် ပြည့်တန်ဆာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရတဲ့အကြောင်းကတော့ ဆင်းရဲမွဲတေမှုကြောင့်ပါ။
လိင်လုပ်ငန်းကို နိုင်ငံအများစုမှာ တရားဝင်ခွင့်ပြုထားလေ့ မရှိပါဘူး။ တရားဝင် ခွင့်ပြုမထားပေမယ့် စားဝတ်နေရေးကြောင့် ပြည့်တန်ဆာလုပ်ငန်းတွေမှာ ကလေးအများစု ဝင်ရောက်လုပ်ကိုင်နေရပါတယ်။
လိင်အလုပ်သမားတွေဟာ အမျိုးသမီးငယ်တွေချည်းတော့ မဟုတ်ပါဘူး။ ယောကျ်ားလေး အများစုလည်း လိင်လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။ အခုလို ပြည့်တန်ဆာလုပ်ငန်းတွေမှာ ကလေးအများစု ဝင်ရောက်လုပ်ကိုင်နေရတဲ့အကြောင်းကတော့ ပတ်ဝန်းကျင်ကြောင့် ဖြစ်သလို လူကုန်ကူးခံနေရတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
အခုနောက်ပိုင်းကာလတွေမှာတော့ ကလေးအများစုဟာ လိင်လုပ်ငန်းတွေမှာ အများအပြား ပါဝင်လုပ်ဆောင်နေကြရပါတယ်။ အချို့နိုင်ငံသားတွေ ခရီးသွားနေကြတဲ့ အကြောင်းအရင်းတွေထဲမှာ ကလေးပြည့်တန်ဆာတွေနဲ့ ဆက်ဆံချင်လို့လည်း ပါပါတယ်။
ကလေးပြည့်တန်ဆာ အရေအတွက် တိုးလာနေရတဲ့ အကြောင်းအရင်းတွေထဲမှာ လူမှောင်ခိုအကူးခံရတဲ့ အကြောင်းကလည်း အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်ပါတယ်။ အခုနောက်ပိုင်းကာလတွေမှာတော့ ကမ္ဘာကြီးဟာ ကလေးပြည့်တန်ဆာကိစ္စကို ပိုပြီးသတိထားလာမိနေပါပြီ။
မြန်မာနိုင်ငံမှာဆိုရင်လည်း သက်ငယ်မုဒိမ်းမှုတွေက တောက်လျှောက်ဆိုသလို ဖြစ်ပွားနေပါတယ်။ တချို့ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေဆိုရင်လည်း လိင်လုပ်ငန်းတွေမှာ မတော်မတရား အခိုင်းအစေခံနေရပါတယ်။
Ref. Bangkokpost
You may also like these stories:
ကမ္ဘာပေါ်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံများ
မိုင်းလားမြို့က ညနတ်သမီးလေးတွေ
တရားဝင်မဟုတ်တဲ့ ပြည့်တန်ဆာများကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ထိုင်းနိုင်ငံ