ပင်လယ်နဲ့ နီးနီးကပ်ကပ်ရှိတဲ့ ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ်မှာ ပလတ်စတစ်ဘူးပေါင်း ၆ သိန်းကျော်ကို အသုံးပြုပြီး ဟာရီကိန်း မုန်တိုင်းဒဏ်ခံ အိမ်တလုံးကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာနဲ့တဝှမ်းမှာ အင်တိုက်အားတိုက် ပြုလုပ်လာနေကြပြီဖြစ်တဲ့ ပလတ်စတစ်ထိန်းချုပ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက်တော့ ဒီလိုအိမ်မျိုး ဆောက်လုပ်နိုင်ခြင်းဟာ စံနမူနာကောင်းတခုလည်း ဖြစ်ပါတယ်။
David Saulnier နဲ့ Joel German တို့ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ JD ကုမ္ပဏီဟာ ပင်လယ်နဲ့နီးစပ်ပြီး မုန်တိုင်းတိုက်ခတ်မှုတွေ အများဆုံးကြုံတွေ့ရတဲ့ ကနေဒါနိုင်ငံရဲ့ ဒေသတွေမှာ အခုလို စိတ်ကူးကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပလတ်စတစ်ဘူးတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုထားတာ ဖြစ်တဲ့အတွက် ဘယ်လိုနေရာဒေသမျိုးမှာပဲဖြစ်ဖြစ် လျင်လျင်မြန်မြန် အချိန်တိုအတွင်း တည်ဆောက်နိုင်တာဖြစ်ပြီး ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတာကြောင့် စိတ်ကူးကောင်းတခုလည်း ဖြစ်ပါတယ်။
အချိန်တိုင်း အချိန်တိုင်းမှာ လူတဦးချင်းစီရဲ့ ပျမ်းမျှ ပလတ်စတစ်ဘူးသုံးစွဲမှုဟာ ခန့်မှန်းခြေအားဖြင့် ဘူးပေါင်း တသန်းကျော်ခန့်ထိ ရှိနေတာဖြစ်ပြီး ဒီပလတ်စတစ်ဘူးတွေရဲ့ အဓိကပြဿနာကတော့ ရေထဲမှာရော မြေကြီးပေါ်မှာပါ ပျက်စီးယိုယွင်းဖို့ ခက်ခဲတာပဲ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်ပဲ JD ကုမ္ပဏီဟာ အခုလို စွန့်ပစ်ဖို့ခက်ခဲတဲ့ ပလတ်စတစ်ဘူးတွေကို အသုံးပြုပြီး အပြည့်အဝ ပြန်လည်အသုံးချနိုင်ရေးအတွက် ရည်ရွယ်ကာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီမုန်တိုင်းဒဏ်ခံ အိမ်ကို တည်ဆောက်ရာမှာ ကုန်ကြမ်းအဖြစ် ပလတ်စတစ်ဘူးတွေအပြင် အိမ်ရဲ့ရုပ်လုံးပေါ်စေဖို့ ချိတ်ဆက်ပေးနိုင်တဲ့ PET (Polyethylene Terephthalate Technology) အသုံးပြုထားတဲ့ ပလတ်စတစ် အပိုင်းအစတွေကိုပါ ထည့်သွင်းအသုံးပြုထားတာပါ။
ဒီအိမ်ကို ဆောက်လုပ်ခဲ့တဲ့ JD ကုမ္ပဏီတည်ထောင်သူ Saulnier ကတော့ “ လတ်တလော ကြုံတွေ့နေရတဲ့ ပလတ်စတစ်စွန့်ပစ်မှုကို အပြည့်အဝပြန်လည်အသုံးချနိုင်ဖို့ရယ်၊ ရာသီဥတုအခြေအနေ ပြောင်းလဲမှုပေါ်ရယ် မူတည်ပြီး ပုံစံကောင်းတခုကို ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာပါ” လို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။
Ref. www.intelligentliving.com
You may also like these stories:
ဧဝရက်တောင်ဝန်းကျင် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်တော့မည်
တကိုယ်ရေသုံး ပလတ်စတစ် ပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်တော့မယ့် ကနေဒါနိုင်ငံ
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ
ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ