မျက်မှောက်ခေတ် လူသားတွေဟာ တောအရပ်မှာ မွေ့လျော်နေကြတာမျိုး မရှိတော့ဘဲ အများစုကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် မြို့တက်ပြီး အလုပ်လုပ်ကြရပါတယ်။ ဒါကြောင့်လည်း နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေထဲမှာ အလုပ်ချိန်ကို အများကြီးပေးရပါတယ်။ လူအများစုဟာ အလုပ်ချိန် ပြီးဆုံးချိန်မှာတော့ စက်ရုံက ထုတ်လုပ်လိုက်တဲ့ ပုံစံတူ စက်ရုပ်တွေလို မိသားစုဆီ ပြန်ကြပါတယ်။
အခု ဖော်ပြထားတဲ့ စာရင်းကတော့ မြို့ပေါင်း ၄၀ ကို သုတသနပြုလုပ်ပြီး အလုပ်ချိန်မျှတဲ့ မြို့တော်တွေနဲ့ အလုပ်ချိန် အများအပြား လုပ်ရလေ့ရှိတဲ့ မြို့တွေ အကြောင်းပါ။ အလုပ်ချိန် အများအပြား လုပ်ရလေ့ရှိတဲ့ မြို့တွေထဲမှာတော့ အာရှနိုင်ငံက မြို့အများစု ပါဝင်ပါတယ်။ အလုပ်ချိန် အများအပြား လုပ်ရလေ့ရှိတဲ့ မြို့တွေကတော့ တိုကျိုနဲ့ ကွာလာလမ်ပူမြို့တော်တို့ ဖြစ်ပါတယ်။ အလားတူ စင်ကာပူနဲ့ ဟောင်ကောင်မှာလည်း အလုပ်ချိန် များပြားတာကို တွေ့ရပါတယ်။
အလုပ်ချိန် များပြားလွန်းခြင်းက ဝန်ထမ်းတွေကို စိတ်ဖိစီးမှုရသလို ကောင်းမွန်သာယာတဲ့ မိသားစုဘဝကိုလည်း ဆုံးရှုံးစေပါတယ်။ အလုပ်ချိန် အများအပြား လုပ်နေရတဲ့အတွက် အားလပ်ရက်တွေကလည်း မရှိသလောက် ရှားပါးပါတယ်။ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘရာဇီးနဲ့ ဖင်လန်နိုင်ငံက ဝန်ထမ်းတွေမှာတော့ အလုပ်ချိန်နည်းပါးသလို ရုံးပိတ်ရက်လည်း များပါတယ်။
စစ်တမ်းမှာဖော်ပြထားတဲ့ အလုပ်ချိန် မျှတတဲ့ မြို့တွေကတော့ —
(၁) Helsinki (ဖင်လန်နိုင်ငံ)
(၂) မြူးနစ်(ဂျာမနီနိုင်ငံ)
(၃) အော်စလို(နော်ဝေနိုင်ငံ)
(၄) ဟမ်းဘတ်(ဂျာမနီနိုင်ငံ)
(၅) စတော့ဟုမ်း(ဆွီဒင်နိုင်ငံ) တို့ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်ချိန်မျှတမှု နည်းပါးတဲ့ မြို့တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) ဘော့စတွန်(အမေရိကန်ပြည်ထောင်စု)
(၂) အတ္တလန္တာ(အမေရိကန်ပြည်ထောင်စု)
(၃) Buenos Aires(အာဂျင်တီးနားနိုင်ငံ)
(၄) တိုကျို(ဂျပန်နိုင်ငံ)
(၅) ကွာလာလမ်ပူ(မလေးရှားနိုင်ငံ) တို့ပါ။
စင်ကာပူမှာတော့ လူတယောက်အလုပ်ချိန်က တပတ်ကို ပျမ်းမျှ ၄၄ ဒဿမ ၆ နာရီရှိပြီး ၂၃ ရာခိုင်နှုန်းကတော့ တပတ်ကို ၄၈ နာရီထက်ကျော်လွန်ပြီး အလုပ်လုပ်ရလေ့ ရှိပါတယ်။
Ref. The CEO Magazine
You may also like these stories:
အလုပ်ရှင် သဘောကျစေမယ့် အချက် ၉ ချက်
လုပ်ငန်းခွင်က ငြင်းပယ်ခြင်းအလှ ၉ ချက်
ဂျပန်အနေနဲ့ ပြန်လည် ချိန်ဆခိုင်းစေဖို့ လိုအပ်လာတဲ့အလုပ်ချိန်
တပတ်ကို ၄ ရက်သာ အလုပ်လုပ်ရမယ့် စနစ် ဂျပန်နိုင်ငံမှာ စတင် အကောင်အထည်ဖော်