ယခုနောက်ပိုင်း ကာလတွေမှာ ပိုက်ဆံတတ်နိုင်သူတွေအနေနဲ့ ကမ္ဘာအရပ်ရပ်က ဒေသတွေကို သွားရောက်လေ့ရှိကြပြီး Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးလေ့ ရှိကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာ Pre Wedding ရိုက်ကူးလို့ရတဲ့ နေရာများစွာရှိတဲ့အနက် ဥရောပကတော့ နာမည်အကြီးဆုံးပါပဲ။
ဥရောပမှာဆိုရင် အလယ်ခေတ် အဆောက်အဦတွေ များစွာရှိသလို ခေတ်မီ အဆောက်အဦများစွာလည်း ရှိပါတယ်။ ဒါကြောင့်လည်း Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးချင်သူတွေအနေနဲ့ ဥရောပကို ဦးစားပေးရွေးချယ်လေ့ ရှိကြပါတယ်။
ဥရောပမှာ မြို့ပေါင်းရာချီပြီး ရှိပေမယ့် Pre Wedding ဓာတ်ပုံ ရိုက်ကူးချင်သူတွေကတော့ မြို့ ၅ မြို့ကို အဓိက ရွေးချယ်လေ့ ရှိပါတယ်။ ဒီနေ့ခေတ်မှာ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်လို့ရတယ်ဆိုပေမယ့်လည်း ပုံကောင်းကောင်းလိုချင်သူတွေကတော့ ကျွမ်းကျင် ဓာတ်ပုံဆရာတွေကိုသာ ငှားရမ်းပြီး ဓာတ်ပုံရိုက်လေ့ ရှိကြပါတယ်။
ဘဝအတွက် အမှတ်တရ ကျန်နေရစ်မယ့် Pre Wedding ဓာတ်ပုံတွေကို ဓာတ်ပုံဆရာ ကောင်းကောင်း ငှားပြီး ရိုက်ကူးသင့်ပါတယ်။ အခုဖော်ပြပေမယ့် မြို့ ကြီး ၅ မြို့ကတော့ ဥရောပမှ ာထင်ရှားတဲ့ Pre Wedding ရိုက်ကူးလို့ ကောင်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
(၁) ပဲရစ်မြို့ (ပြင်သစ်နိုင်ငံ)
Pre Wedding ဓာတ်ပုံရိုက်ကူးလို့ အကောင်းဆုံးမြို့ကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ပါ။ ပဲရစ်မြို့ကို သွားရောက်ပြီး Pre Wedding ဓာတ်ပုံရိုက်ကူးသူတွေ အနေနဲ့ ပဲရစ်မြို့ကို ရောက်တာနဲ့ စိတ်လှုပ်ရှားနေမှာ အမှန်ပါပဲ။ အကြောင်းကတော့ ပဲရစ်မြို့ရဲ့ ရိုမန်တစ်ဖြစ်တဲ့ အလှကြောင့်ပါ။
ပဲရစ်မြို့မှာ ရှိနေတဲ့ တံတားတွေ၊ ဥယျာဉ်တွေနဲ့ နန်းတော်ကြီးတွေကို ရောက်တဲ့အခါ ချစ်ခြင်းမေတ္တာက ပိုတိုးလာလေ့ ရှိတယ်လို့ လူတွေက ဆိုလေ့ရှိပါတယ်။ အဓိကကတော့ ပဲရစ်မှာ Pre Wedding ရိုက်တဲ့အခါ နာမည်ကျော် အီဖယ်မျှော်စင်ကြီးက မသွားမဖြစ် နေရာပါပဲ။
(၂) ဖလောရင့်စ်မြို့ (အီတလီနိုင်ငံ)
အီတလီနိုင်ငံရဲ့ ဖလောရင့်စ်မြို့ကလည်း Pre Wedding ရိုက်ကူးတဲ့နေရာမှာ နာမည်ကြီးမြို့တမြို့ပါ။ အီတလီနိုင်ငံ အလယ်ပိုင်းမှာရှိပြီး အလယ်ခေတ် ဥရောပရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမြို့တော် ဖြစ်ခဲ့ပါတယ်။ ဖလောရင့်စ်မြို့ရဲ့ အဓိက အမှတ်သင်္ကေတကတော့ Duomo ဘုရားခိုးကျောင်းတော်ကြီးပါ။
Gothic လက်ရာ ဗိသုကာအတတ်ပညာနဲ့ တည်ဆောက်ထားတာဖြစ်ပြီး သေးငယ်တဲ့မြို့ ပြ အဆောက်အဦတွေကြားမှာ Duomo ဘုရားကျောင်းကြီးက ထီးထီးကြီး ပေါ်လွင်နေပါတယ်။ ဒါကြောင့်လည်း Pre Wedding ရိုက်ကူသူအများစုက ဘုရားကျောင်းနောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကူးလေ့ ရှိကြပါတယ်။
(၃) ဘူဒါပတ်စ်မြို့ (ဟန်ဂေရီနိုင်ငံ)
ဟန်ဂေရီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘူဒါပတ်စ်မြို့ကတော့ ဆန်းပြားတဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦတွေ ပေါများရာမြို့ပါ။ ယဉ်ကျေးမှုကလည်း ခမ်းနားသလို လက်ရာမြောက်တဲ့ အဆောက်အဦတွေကလည်း Pre Wedding ရိုက်ကူးကြမယ့် စုံတွဲတွေကို စိတ်နှလုံး အေးချမ်းပါစေလိမ့်မယ်။
မြို့ပင်ကိုယ်က ပြိုင်ဖက်ကင်းအလှတရား ဖြစ်နေတဲ့အတွက် လှပတဲ့ နောက်ခံတွေနဲ့ Pre Wedding ဓာတ်ပုံတွေကို စိတ်တိုင်းကျ ရိုက်ကူးနိုင်ပါလိမ့်မယ်။
(၄) လန်ဒန်မြို့ (အင်္ဂလန်နိုင်ငံ)
လန်ဒန်မြို့တော်ကြီးကလည်း ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ မြို့တမြို့ပါ။ လန်ဒန်မှာဆိုရင်လည်း Pre Wedding ဓာတ်ပုံ အများအပြားကို စိတ်တိုင်းကျ ရိုက်ကူးနိုင်ပါတယ်။ Big Ben နာရီစင်ကြီး အောက်မှာလည်း ဓာတ်ပုံရိုက်ကူးနိုင်သလို တခြားနေရာ အများအပြားမှာလည်း ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ အကြောင်းကတော့ လန်ဒန်မြို့ကြီးက လှပတဲ့မြို့တမြို့ ဖြစ်နေလို့ပါပဲ။
(၅) ဗင်းနစ်မြို့ (အီတလီနိုင်ငံ)
ဗင်းနစ်မြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ မြို့တမြို့ ဖြစ်ပြီး ဗိသုကာလက်ရာတွေ အနုပညာတွေ ကြောင့် ထင်ရှားတဲ့မြို့ပါပဲ။ လူအများအပြားကလည်း ချစ်ခြင်းအကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြရင် ပဲရစ်မြို့နဲ့ ယှဉ်ပြီး ပြောဆိုလေ့ ရှိကြပါတယ်။
Ref: onethreeonefour