မြန်မာနိုင်ငံမှာ “အုန်းမှုတ်ခွက်ကေ”လို့ အလွယ်တကူ ခေါ်လေ့ရှိကြတဲ့ Bowl Cut Hairstyle ကို အမုန်းတရားရဲ့ သင်္ကေတဖြစ်ကြောင်း Anti-Defamation League (ADL) အဖွဲ့က သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ Anti-Defamation League ဟာ ဘာသာရေး အဖွဲ့အစည်းတခုဖြစ်ပြီး အမုန်းတရားကို အခြေခံတဲ့ ဘာသာရေး၊ လူမျိုးရေး ခွဲခြားနှိပ်ကွပ်မှုတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ADL အဖွဲ့ဟာ အမုန်းတရားနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး အချက်အလက် ကောက်ယူမှုတွေ၊ စစ်တမ်းတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ အုန်းမှုတ်ခွက်ကေကို အမုန်းတရားရဲ့ သင်္ကေတ (Hate Symbol) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
Anti-Defamation League အဖွဲ့ကနေ သတ်မှတ် ထုတ်ပြန်ထားတဲ့ အမုန်းသင်္ကေတပေါင်း အရေအတွက် ၂၀၀ ကျော်ရှိပြီး ဒီလိုသတ်မှတ် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြစ်မှုတွေ သတ်မှတ်တဲ့အခါ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အုန်းမှုတ်ခွက်ကေကို အမုန်းတရားရဲ့ သင်္ကေတအဖြစ် သတ်မှတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ Charleston ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတရားခံ Dylan Roof ဟာ အုန်းမှုတ်ခွက်ကေ ဆံပင်ပုံစံ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။
ကျူးလွန်သူတရားခံ Dylan Roof ဟာဆိုရင်တော့ ၂၀၁၅ ခုနှစ်တုန်းက ဘုရားကျောင်းတွင်းမှာ ဝတ်ပြုဆုတောင်းနေသူ လူမည်း ၉ ဦးကို အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံနေရသူလည်းဖြစ်ပါတယ်။ အမုန်းတရားရဲ့ သင်္ကေတအဖြစ် ထပ်တိုး သတ်မှတ်လိုက်တဲ့အထဲမှာ အုန်းမှုတ်ခွက်ကေ ဆံပင်ပုံစံအပြင် OK ကိုယ်စားပြု လက်ဟန် သင်္ကေတကိုပါ ထည့်သွင်းလိုက်တာပါ။
သြစတြေးလျလူမျိုး လူဖြူတဦးဟာ ဘုရားကျောင်းတွင်း လူပေါင်း ၅၀ ကျော်ကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက်မှာ OK လက်ဟန်ကို ပြုလုပ်ခဲ့တာကြောင့် OK လက်ဟန်ကို အမုန်းသင်္ကေတအဖြစ် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref. time.com
You may also like these stories:
ကမ္ဘာ့အသက်ကြီးဆုံး ဆံသဆရာ အသက် ၁၀၈ နှစ်အရွယ်မှာ ကွယ်လွန်
သင့်ဆံပင်တွေကို အရှည်နှေးစေတဲ့ အကြောင်းရင်း ၅ ချက်
Professional ဆံပင်ညှပ်ဆရာတဦးလို ဆံပင်ညှပ်နိုင်တဲ့ ၆ နှစ်အရွယ် ကလေးငယ်
ဆံသားပျက်စီးမှု မရှိအောင် Hair Dryer တွေကို ဘယ်လိုအသုံးပြုမလဲ