လူ့ခန္ဓာကိုယ်ဆိုင်ရာ စောင့်ကြည့်လေ့လာမှုအဖွဲ့၊ ဂျာမနီနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနနဲ့ Robert Koch Institute တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနလေ့လာမှုအရ ကလေးငယ်အများစု (အသက် ၃ နှစ်ကနေ ၁၇ နှစ်အထိ) မှာ ကိုယ်တွင်း ပလတ်စတစ် တည်ရှိနေမှု မြင့်မားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
လေ့လာသူတွေအနေနဲ့ ကလေးငယ် ၂၅၀၀ ကို သွေးနဲ့ဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ် ၉၇ ရာခိုင်နှုန်းခန့်ဟာ ကိုယ်တွင်း ပလတ်စတစ် အဆိပ်သင့်မှု ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အသုံးပြုဖို့ မသင့်တော်တဲ့ ပလတ်စတစ် ပါဝင်ပစ္စည်းတွေကို ကန့်သတ်ထားပေမယ့် Perfluorooctanoic Acid (PFOA) ဟာ လတ်တလောမှာ အများဆုံး အသုံးပြုနေကြတဲ့ ဓာတုပစ္စည်း တမျိုးလည်း ဖြစ်ပါတယ်။ PFOA ကို ပလတ်စတစ် မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးကစားစရာတွေ၊ ကလေးအသုံးအဆောင်တွေနဲ့ မိုးကာအင်္ကျီတွေမှာ အများဆုံး တွေ့ရပါတယ်။
PFOA ပါဝင်မှုဟာ ၂၀ ရာခိုင်နှုန်းထက် မြင့်နေမယ်ဆိုရင် အသုံးပြုဖို့ မသင့်တော်ဘူးလို့ သတ်မှတ်ထားပြီး PFOA ကို ကုန်ထုတ်လုပ်မှု စက်ရုံတွေမှာပဲ ဓာတုပစ္စည်း တမျိုး အနေနဲ့သာ အသုံးပြုကြပါတယ်။ PFOA ကို ဘာကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ အသုံးများရတာလဲဆိုရင် PFOA ဟာ ခိုင်ခန့်စေနိုင်စွမ်းနဲ့ တာရှည်ခံနိုင်စွမ်းတွေ ပါဝင်နေလို့ပါ။
EU အနေနဲ့ PFOA အသုံးပြုမှုကို တရားဝင် ပိတ်ပင်ထားပြီး ၂၀၂၀ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး ထိခိုက်မှုတွေ လျော့နည်းလာစေဖို့အတွက် ရည်ရွယ်ကာ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။
လေ့လာမှုမှတ်တမ်းတွေကို ခြုံငုံ သုံးသပ်ကြည့်တဲ့အခါ ကလေးငယ်တွေဟာ မရေတွက်နိုင်တဲ့ ပလတ်စတစ် ပစ္စည်းတွေကို ကစားစရာတွေကနေစလို့ အိမ်သုံး ပရိဘောဂတွေအဆုံး ထိတွေ့ ဆော့ကစား နေကြရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး ပလတ်စတစ် အဆိပ်သင့်မှုကို ခံစားနေကြရတာ ဖြစ်ပါတယ်။
ပလတ်စတစ် အဆိပ်သင့်မှုဟာ ကလေးငယ်တွေအတွက် အလွန်အန္တရာယ်ရှိတဲ့ ကိစ္စတခုဖြစ်နေပေမယ့် အရွယ်ရောက်ပြီးသူတွေအတွက်တော့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြီးဖြစ်တာကြောင့် ဟော်မုန်း မညီမျှမှုသာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
You may also like these stories:
သမုဒ္ဒရာထဲက အမှိုက်တွေကို ဖယ်ရှားပေးနိုင်မယ့်စက်ကို တီထွင်လိုက်တဲ့ ဒတ်ချ်အမျိုးသား
ပလတ်စတစ်ဘူးပေါင်း ၆ သိန်းကျော်ကို အသုံးပြုပြီး မုန်တိုင်းဒဏ်ခံ အိမ်တလုံး ကနေဒါမှာ တည်ဆောက်
ဖူကူရှီးမားက ရေဒီယိုသတ္တိကြွ ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ပစ်ဖို့ ကြံရွယ်နေတဲ့ ဂျပန်နိုင်ငံ