ကမ္ဘာတဝှမ်းကျင်းပကြတဲ့ ပြိုင်ပွဲအမျိုးအစားတွေ အများကြီးထဲမှာမှ အစားပြိုင်ပွဲတွေဟာဆိုရင်လည်း လူတွေ စိတ်ဝင်စားမှုများကြတဲ့ ပြိုင်ပွဲတွေထဲက တခုပါ။ အခုဖော်ပြပေးမယ့် အစားပြိုင်ပွဲတွေကတော့ ထူးထူးခြားခြားလည်း ဖြစ်သလို ကမ္ဘာတဝှမ်းမှာ လူကြိုက်များ ရေပန်းစားကြတဲ့ ပြိုင်ပွဲတွေလည်း ဖြစ်ပါတယ်။
(၁) ကြက်သွန်ဖြူစားပြိုင်ပွဲ
အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ Chideock မြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ကြက်သွန်ဖြူစားပြိုင်ပွဲကို ကျင်းပလေ့ရှိပြီး ကြက်သွန်ဖြူစားပြိုင်ပွဲမှာ အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့သူကတော့ David Greenman ဆိုတဲ့ အမျိုးသား တဦးပဲ ဖြစ်ပါတယ်။ သူဟာ စက္ကန့် ၆၀ အတွင်း ကြက်သွန်ဖြူပေါင်း ၃၃ မွှာကို ကုန်အောင်စားနိုင်ခဲ့တာပါ။
(၂) ကင်ချီစားပြိုင်ပွဲ
အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ်က Korea Town မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒီပြိုင်ပွဲကို အနိုင်ရဖို့ဆိုတာကတော့ မလွယ်တဲ့ကိစ္စတခုပါ။ ဒီပြိုင်ပွဲရဲ့ အမြင့်ဆုံးစံချိုန်ကတော့ ကင်ချီ ၈.၅ ပေါင်ကို ၆ မိနစ်အတွင်း ကုန်အောင်စားနိုင်တာပဲ ဖြစ်ပါတယ်။
(၃) ငရုတ်သီးစားပြိုင်ပွဲ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အစပ်ဆုံးဆိုတဲ့ ငရုတ်သီးမျိုးကို စားပြီး ဝင်ရောက် ယှဉ်ပြိုင်ရတာပါ။ ဒီပြိုင်ပွဲရဲ့ အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့သူကတော့ အသက် ၆၂ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ငရုတ်သီး ၂၄၇ တောင့်ကို ၈ မိနစ်အတွင်း စားနိုင်ခဲ့တာပါ။
(၄) ခရုစားပြိုင်ပွဲ
အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်မှာ ဇွန်လရောက်တိုင်း ကျင်းပလေ့ရှိတဲ့ အစားပြိုင်ပွဲတခုဖြစ်ပြီး ခရုတွေကို အမြန်ဆုံးနဲ့အများဆုံး စားပြရတဲ့ ပြိုင်ပွဲတခုပါ၊။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ တသောင်းခန့်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၅) ထောပတ်စားပြိုင်ပွဲ
ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပြိုင်ပွဲတခုအဖြစ် သတ်မှတ်ခံနေရတာဖြစ်ပြီး ထောပတ်ကို ပေါင်မုန့်နဲ့တွဲစားရတာမျိုး မဟုတ်ဘဲ ထောပတ်သီးသန့်ကို စားပြီး ပြိုင်ပွဲဝင်ရတာပါ။ Don Lerman ဆိုသူကတော့ ထောပတ်နှစ်ပေါင်ခွဲကို ငါးမိနစ်အတွင်း ကုန်အောင်စားပြီး စံချိန်တင်ထားနိုင်သူ ဖြစ်ပါတယ်။
Ref. list25.com