တီထွင်ဆန်းသစ်နိုင်မှုတွေဟာ အသက်အရွယ် ငယ်တာကြီးတာနဲ့ မဆိုင်ဘဲ အာရုံစူးစိုက်မှု အားကောင်းတာ၊ ကြိုးစားချင်စိတ်နဲ့ ယုံကြည်မှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ အခုဖော်ပြပေးမယ့် ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ဆန်းသစ်လှတဲ့ စွန့်ဦးတီထွင်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြသူတွေပဲ ဖြစ်ပါတယ်။
(၁) Jack Andraka
အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ Jack Andraka ဟာဆိုရင် ကင်ဆာရောဂါ အမျိုးအစားခွဲခြား စမ်းသပ်နိုင်တဲ့ ကိရိယာတမျိုးကို တီထွင်နိုင်ခဲ့ပြီး ကင်ဆာအဆင့် မရောက်ခင် အကျိတ်ကနေ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ကျောင်း ဓာတ်ခွဲခန်းထဲမှာ ၇ လကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။
(၂) Valentin Frechka
အသက် ၁၈ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား Valentin Frechka ဟာဆိုရင် သစ်ရွက်ခြောက်တွေကနေ စာရေးသားနိုင်တဲ့ စက္ကူအဖြစ် အသုံးပြုနိုင်တဲ့ နည်းပညာကို တီထွင်ခဲ့ပါတယ်။ သစ်ရွက်ကုန်ကြမ်း ၁ ဒဿမ ၅ တန်ဟာ A4 စာရွက်ပေါင်း ၂,၀၀၀ ခန့်အထိ ထုတ်လုပ်နိုင်တယ်လို့ သိရပြီး ဒီတီထွင်မှုဟာ သစ်တောပြုန်းတီးမှုနဲ့ သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူပြုတဲ့ တီထွင်မှုတခုလည်း ဖြစ်ပါတယ်။
(၃) Sergei Khaliavin
အသက် ၁၇ နှစ်အရွယ်ရှိ ရုရှားနိုင်ငံသား Sergei Khaliavin ကတော့ လက် မရှိတဲ့သူတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ကွန်ပျူတာ Mouse ကို တီထွင်ခဲ့တာပါ။ လက် မရှိတဲ့သူတွေအတွက် ဖြစ်တာကြောင့် ဖိနပ်ပုံစံ တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး ခြေချောင်းတွေနဲ့ ထိန်းချုပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(၄) Curry Bishop
အသက် ၁၀ နှစ်သာရှိသေးတဲ့ Curry Bishop ကတော့ အိမ်နီးချင်း ၆ လသား ကလေးငယ်တဦး ကားထဲမှာပိတ်မိပြီး သေဆုံံးသွားခဲ့ရာကနေ ရရှိခဲ့တဲ့ စိတ်ကူးကို အကောင်အထည် ဖော်ခဲ့တာပါ။ ကလေးငယ်တွေကို ကားထဲမှာ ထားခဲ့တဲ့အခါ အပူရှိန်လွန်ကဲပြီး သေဆုံးမှုမဖြစ်ရအောင် Cooling System နဲ့ Alarm စနစ် ပါရှိတဲ့ ကိရိယာတမျိုးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
အနုပညာရှင်ဘဝကနေ သာမန်လူတွေလို ပြောင်းလဲနေထိုင်ခဲ့ကြသူများ
အသက်ကြီးမှ အောင်မြင်ခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ