Trend

စွန့်ပစ်ပစ္စည်းတွေ သုံးပြီး လမ်းဘေးခွေးတွေအတွက် အိမ်ဆောက်ပေးခဲ့တဲ့ မက္ကဆီကန် ကလေးငယ်များ

Want create site? Find Free WordPress Themes and plugins.

မက္ကဆီကိုနိုင်ငံ၊ Zacatecas Educational Institute က မူလတန်း ကလေးငယ်တွေဟာ အသုံးမပြုတော့တဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုပြီး လမ်းဘေး လေလွင့်ခွေးတွေအတွက် ခွေးအိမ်လေးတွေ ဆောက်လုပ်ပေးခဲ့ကြတာပါ။

မူလတန်းကျောင်းက ဆရာတွေရဲ့ လမ်းညွှန်ပြသမှုနဲ့ ကလေးငယ်တွေဟာ ဒီပရောဂျက်ကို အင်တိုက်အားတိုက် ကြိုးစားပြုလုပ်ခဲ့ကြပြီး ဒီပရောဂျက်ဟာဆိုရင် ကလေးငယ်တွေရဲ့လူသားဆန်မှုကို ပြသရာရောက်တာကြောင့် လူမှုကွန်ရက်မှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ဒီပရောဂျက်ကို ပြုလုပ်ဖို့အတွက် Zacatecas Educational Institute က မူလတန်းပြဆရာတွေကနေ ကလေးငယ်တွေကို ဦးဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့တဖွဲ့ချင်းစီမှာ ကလေးငယ် ၅ ဦး ပါဝင်တဲ့ အဖွဲ့ငယ်လေးတွေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

လမ်းဘေး လေလွင့်ခွေးတွေအတွက် တည်ဆောက်ပေးတဲ့ ဒီခွေးအိမ်တွေကို လေဒဏ်၊ မိုးဒဏ် ခံနိုင်စေဖို့အတွက် စနစ်တကျ တည်ဆောက်ထားပြီး ကုန်ကြမ်းတွေအနေနဲ့ စွန့်ပစ် ပလတ်စတစ်ပစ္စည်းတွေကိုသာ အဓိက အသုံးပြုထားတာပါ။

ဆောက်လုပ်လို့ ပြီးစီးသွားတဲ့ ဒီခွေးအိမ်လေးတွေကို လေလွင့်ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ Albergues Lazos Caninos Animal Shelter မှာ လှူဒါန်းသွားမှာဖြစ်ပြီး တခြားသော Animal Shelter တွေဖြစ်တဲ့ Zacatecas, Guadalupe, Enrique Estrada နဲ့ Calera စတာတွေမှာလည်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။

လမ်းဘေး လေလွင့်ခွေးကောင်ရေ တနှစ်ထက် တနှစ် များပြားလာတာဟာ မက္ကဆီကိုနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်ပြီး Animal Shelter တွေမှာဆိုရင်လည်း ခွေးစာနဲ့ ခွေးအိမ်တွေဟာ လိုအပ်နေတဲ့ အရာတခုပါ။

အခုလို မူလတန်းကလေးငယ်တွေ ပါဝင်တဲ့ ခွေးအိမ်လေးတွေ ဆောက်လုပ် လှူဒါန်းမှုဟာ Animal Shelter တွေရဲ့ လိုအပ်ချက်တွေထဲက တခုကို ဖြည့်ဆည်းပေးရာ ရောက်တဲ့အပြင် မိမိတို့အိမ်မှာလည်း အသေးအဖွဲ ပြင်ဆင်မှုလေးတွေကို စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေကို အသုံးပြုပြီး ပြင်ဆင်တတ်စေဖို့ ရည်ရွယ် သင်ကြားပေးတာလို့ Zacatecas Educational Institute က မူလတန်းပြ ဆရာတဦးက ဖြေကြားခဲ့ပါတယ်။

Ref. brightside.me

You may also like these stories:

ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား

ကမ္ဘာ့ပထမဆုံး လမ်းဘေးခွေးကင်းစင် နိုင်ငံဖြစ်လာတဲ့ ဟော်လန်နိုင်ငံ

ခွေးတွေကို ကြင်ကြင်နာနာ မွေးမြူလေ့ရှိတဲ့ မြို့ကြီး ၄ မြို့

ခွေးကိုက်မှသာမဟုတ် တခြား တိရစ္ဆာန်ကိုက်ရင်လည်း ကူးစက်နိုင်တဲ့ ခွေးရူးပြန်ရောဂါ

နိုင်ငံတကာမှာ လမ်းဘေးခွေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading