သဘာဝပတ်ဝန်းကျင်အတွက် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချသွားမယ့် ကုမ္ပဏီများ
ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေဟာ အသုံးပြုရလွယ်ကူပေမယ့် သဘာဝပတ်ဝန်းကျင်အတွက်တော့ ဆိုးရွားတဲ့ထိခိုက်မှုတွေ ဖြစ်စေနိုင်တာကို ကမ္ဘာတဝှမ်းက စီးပွားရေးလုပ်ငန်းရှင်တွေကပါ သတိပြုမိလာနေကြပါပြီ။ အခုဖော်ပြပေးမှာကတော့ လာမယ့်နှစ်တွေမှာ ပလတ်စတစ်အသုံးပြုမှုကို ငြင်းဆန်လျှော့ချသွားမယ့် နာမည်ကျော် ကုမ္ပဏီတွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Evian
နာမည်ကျော် ပြင်သစ်ရေသန့်ကုမ္ပဏီတခုဖြစ်တဲ့ Evian ဟာဆိုရင်တော့ အနာဂတ်ကာလမှာ ပလတ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆထားတာကြောင့် ၂၀၂၅ ခုနှစ်ကနေစပြီး ၁၀၀ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်တဲ့ Recycle ပလတ်စတစ်တွေကိုသာ အသုံးပြုသွားတော့မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
(၂) Starbucks
ကမ္ဘာနဲ့တဝှမ်း လူကြိုက်များစွာ သောက်သုံးနေကြတဲ့ Starbucks ကော်ဖီဟာဆိုရင်လည်း ပလတ်စတစ် စွန့်ပစ်ပစ္စည်း တွေ များပြားလာမှုဟာ သူတို့တာဝန်လည်းမကင်းကြောင်း ဝန်ခံထားတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကနေစလို့ ပလတ်စတစ် အအေးပိုက် တွေ အသုံးပြုမှုကို လျှော့ချသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပလတ်စတစ် အအေးခွက်တွေအစား စက္ကူနဲ့အဓိက ပြုလုပ် ထားတဲ့ အအေးခွက်တွေကိုပါ အစားထိုးသုံးစွဲသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
(၃) McDonald’s
၂၀၁၉ ခုနှစ်ကနေစလို့ ဟာ တကမ္ဘာလုံးမှာရှိတဲ့ ဆိုင်ခွဲတိုင်းမှာ ဟမ်ဘာဂါထုတ်ပိုးမှုကို မြက်နဲ့ပြုလုပ်ထားတဲ့ စက္ကူတွေနဲ့သာ အသုံးပြုစေခဲ့တာဖြစ်ပြီး ရေခဲမုန့်စားဇွန်းတွေကိုပါ ပလတ်စတစ်အစားထိုး ဝါးဇွန်းအသေးစားလေး တွေကိုသာ အသုံးပြုစေခဲ့တာဖြစ်ပါတယ်။
(၄) Costa Coffee
ကမ္ဘာ့အကြီးဆုံးကော်ဖီကုမ္ပဏီတခုဖြစ်တဲ့ ဟာဆိုရင်လည်း ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချဖို့ တခါသုံး ကော်ဖီခွက်တွေအစား စက္ကူနဲ့ပြုလုပ်ထားတဲ့ ကော်ဖီခွက်တွေကို အသုံးပြုလာနေတာဖြစ်ပြီး ၂၀၂၀ ခုနှစ်ကနေစပြီး Recycle ခွက်တွေကိုသာ အသုံးပြုသွားတော့မယ်လို့ သိရပါတယ်။
Ref. www.cnbc.com