Trend

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂနေ့

ကမ္ဘာ့ကုလသမဂ္ဂနေ့ကို နှစ်စဉ် အောက်တိုဘာ ၂၄ ရက်နေ့ ရောက်တိုင်း ကျင်းပလေ့ ရှိပါတယ်။ စစ်ပြီးခေတ်မှာတင်မက ဒီနေ့ ဒီအချိန်အထိ ကမ္ဘာ့ကုလသမဂ္ဂနေ့ဟာ ကမ္ဘာက လူသားတွေ အားလုံးအတွက် အရေးပါတဲ့ နေ့တနေ့ပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ဝင်စတန်ချာချီနဲ့ ရုစဗဲ့တို့က ၁၉၄၂ ခုနှစ်မှာ ကုလသမဂ္ဂ ကြေညာစာတမ်းမှာ စတင်အသုံးပြုခဲ့ပါတယ်။

၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာတော့ ကုလသမဂ္ဂ ညီလာခံကြီးကို အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ပါတယ်။ အဲဒီ ညီလာခံကြီးမှာတော့ ကုလသမဂ္ဂ ကြေညာစာတမ်း မူကြမ်းကို အတည်ပြုနိုင်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ကုလသမဂ္ဂဆိုတဲ့ နာမည်ဟာ ကမ္ဘာပေါ်မှာ တရားဝင် ပေါ်ထွန်းလာခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးကို အောင်မြင်စွာ ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ပထမအကြိမ် အထွေထွေ ညီလာခံကြီးကို ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအထွေထွေ ညီလာခံကြီးကိုတော့ နိုင်ငံပေါင်း ၅၁ နိုင်ငံ တက်ရောက်ခဲ့ပါတယ်။

ကုလမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပေါ်မှာ စစ်ကို တားဆီးနိုင်ဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့ပါပဲ။ ကမ္ဘာကြီးပေါ်မှာ စစ်မက် တခါဖြစ်ပွားရင် လူပေါင်းများစွာနဲ့ တိရစ္ဆာန်တွေ သေကြေ ပျက်စီးကြရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးပေါ်မှာ စစ်မက် မဖြစ်ပွားရအောင် ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးကို မဖွဲ့စည်းခင် ၁၉၂၀ ခုနှစ်မှာ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ပါသေးတယ်။ နိုင်ငံပေါင်းချုပ် အသင်းကြီးကတော့ ပထမကမ္ဘာ စစ်ကြီးရဲ့ ဆိုးဝါးရက်စက်ပုံတွေကို ကြုံခဲ့ရတဲ့အတွက် နိုင်ငံကြီးတွေ စုဝေးကြပြီး စစ်ကို တားဆီးနိုင်အောင် ရည်ရွည် ဖွဲ့စည်းခဲ့ခြင်းပါ။

ဒါပေမဲ့လည်း နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ ရည်ရွယ်ချက်က မအောင်မြင်ခဲ့ဘဲ ပထမကမ္ဘာစစ်ထက် ပိုမိုဆိုးရွားတဲ့ ဒုတိယကမ္ဘာစစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်မှာတော့ ကမ္ဘာစစ်တွေကို ပိုမိတားဆီးလာအောင်နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကုလသမဂ္ဂအဖွဲ့ ကြီးကို ဖွဲ့စည်းခဲ့ပါတယ်။

အခုဆိုရင်တော့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ နိုင်ငံပေါင်းစွာက အဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ စစ်မက်တွေ ထပ်မံ မဖြစ်ပွားအောင် အထူးထိန်းသိမ်း စောင့်ရှောက်နေတာကိုလည်း တွေ့နိုင်ပါတယ်။

ကိုးကား – mm.wikipedia

You may also like these stories:

ကမ္ဘာ့ စိတ်အချမ်းသာဆုံး နိုင်ငံများနဲ့ ပျော်ရွှင်မှုအနည်းဆုံး နိုင်ငံများ

ကုလ သမဂ္ဂ ကိုယ်စားလှယ် ယန်ဟီးလီ မြန်မာ အဖွဲ့များနှင့် ထိုင်းတွင် တွေ့ဆုံ

၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ ကျင်းပခဲ့တဲ့ အဇာဘိုင်ဂျန်နိုင်ငံအကြောင်း

Loading