အခုလအစောပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံတင်ပြသခဲ့တဲ့ Joker ရုပ်ရှင်ဟာဆိုရင်တော့ ရုပ်ရှင် အနုပညာ ပိုင်းမှာရော ဝင်ငွေအရပါ ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ ရုပ်ရှင်ဇာတ်ကားတကားပဲ ဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာပါတဲ့ ရိုက်ကွင်းနေရာတွေကို ရုပ်ရှင်ချစ်သူအများစုဟာ တကူးတက သွားရောက် လေ့လာလေ့ ရှိကြပြီး အခုတခါမှာဆိုရင် Joker ရုပ်ရှင်ထဲက မင်းသား Joaquin Phoenix ကခုန်နေတဲ့ လှေကားထစ်တွေမှာ ကမ္ဘာလှည့်ခရီးသည်တွေ၊ DC ပရိသတ်တွေ၊ Instagrammer တွေနဲ့ ပြည့်နှက်စည်ကား နေပါတယ်။
နယူးယောက်မြို့က The Bronx စီရင်စုမှာရှိတဲ့ ဒီလှေကားထစ် နေရာဟာဆိုရင် အရင်တုန်းက ရာဇဝတ်မှုတွေ အဖြစ်များလို့ လူသွားလူလာ သိပ်မရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လာရောက်သူတွေ များလွန်းတာကြောင့် အနီးအနား ပတ်ဝန်းကျင်က သူတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရလောက်တဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
Joker ရုပ်ရှင်ထွက်ရှိပြီးနောက်ပိုင်းမှာ ဒီလှေကားနေရာကို အချိန်ပြည့် နီးပါးဆိုသလို လာရောက်သူတွေများပြားပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုတွေလည်း များပြားနေတာကြောင့် ဒီလှေကားကို ပုံမှန်အသုံးပြုနေသူတွေတောင် သွားလို့မရတဲ့အထိ ဖြစ်ကာ တခြားနေရာကနေ ပတ်သွားနေရတယ်လို့ သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။
ဒီလှေကားထစ်နေရာမှာ ကမ္ဘာလှည့် ခရီးသွားတွေအပြင် Joker ပရိသတ်အများအပြားဟာ ပုံမှန်အတိုင်း ရိုးရိုးတန်းတန်း ဓာတ်ပုံရိုက်ကူးကြသလို တချို့တွေကတော့ Joker လို ပြင်ဆင်ခြယ်သပြီး အသေအချာ ရိုက်ကူးနေကြသူတွေကလည်း အများအပြားပါ။
Instagram မှာဆိုရင်လည်း #Jokerstairs ဆိုပြီး hashtag နဲ့တွဲပြီး တင်ထားတဲ့ ဓာတ်ပုံတွေကလည်း ပုံပေါင်းရာနဲ့ချီကာ ရှိနေပါတယ်။ Joker ရုပ်ရှင်ဟာဆိုရင်တော့ ၂၀၁၉ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေစာရင်းမှာ နံပါတ် ၈ နေရာကနေ ရပ်တည်နေတာဖြစ်ပြီး 76th Venice International Film Festinal ပွဲမှာ “Golden Lion” ဆုကို ရရှိခဲ့ပါတယ်။
Ref. www.cnn.com
You may also like these stories:
မင်းသား Jared Leto သရုပ်ဆောင်ခဲ့တဲ့ Joker အတွက် မကျေမနပ် မဖြစ်ခဲ့ဖူးဘူးလို့ ဒါရိုက်တာ ပြော
အောက်တိုဘာလအတွက် အဖွင့်သီတင်းပတ် ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် “Joker” စံချိန်တင်
“Joker” ရုပ်ရှင် ပြမယ့်နေရာတွေမှာ အကြမ်းဖက်မှုတွေကို သတိထားဖို့ အမေရိကန်စစ်တပ် ထုတ်ပြန်
Joker ရုပ်ရှင်ကြောင့် အကြမ်းဖက်မှု များဆီ ဦးတည်နိုင်လို့ စိုးရိမ်မှုများရှိနေ
ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုရခဲ့တဲ့ “Joker” ရုပ်ရှင်