ခေါင်းလျှော်ပြီးတဲ့ အခါတိုင်း Hair Dryer (ဆံပင်အခြောက်ခံစက်) အသုံးပြုခြင်းဟာ ဆံကေသာကို ခြောက်သွေ့ပျက်စီးစေတယ် ဆိုပေမယ့် အသံုံးပြုတဲ့ နည်းလမ်း မှန်ကန်မယ်ဆိုရင် ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ Hair Dryer အသုံးပြုတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။
(၁) ခေါင်းလျှော်ပြီးတိုင်း Hair Dryer အသုံးပြုတဲ့အခါ ဆံပင်ကို လေမှုတ်ချင်သလို မှုတ်တာထက် ဆံပင်အရင်းကနေ အဖျားအတိုင်း လေမှုတ် အခြောက်ခံပေးခြင်းက ဆံသားပျက်စီးမှုနှုန်းကို သက်သာစေသလို ဆံပင်ခြောက်သွေ့ပျက်စီးမှုများတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။
(၂) Hair Dryer အသုံးပြုတဲ့အခါ ဆံပင် တခေါင်းလုံးကို လှည့်ပတ်ပြီး အခြောက်ခံ လေမှုတ်တာမျိုးထက် ဆံပင်ကို အပိုင်းလေးတွေ ခွဲပြီး အခြောက်ခံပေးခြင်းက ဆံသား ကျိုးကြေပျက်စီးမှုကို လျော့နည်းစေနိုင်သလို ဆံသားအချင်းချင်း ပွတ်တိုက်မိပြီး ဆံပင်ကျွတ်တာမျိုးကနေလည်း လျော့နည်းစေနိုင်ပါတယ်။
(၃) Hair Dryer အသုံးပြုတဲ့အခါ မျက်နှာ၊ နဖူးစတာတွေနဲ့ အရမ်းနီးကပ်လွန်းအောင် အသုံးပြုခြင်းဟာ အသားအရေကို ခြောက်သွေ့ပျက်စီး စေနိုင်တာကြောင့် အနည်းဆုံး ၁ ပေအကွာလောက်ကနေ ထားပြီး အသုံးပြုသင့်ပါတယ်။
(၄) Hair Dryer အသုံးပြုခြင်းကြောင့် ဆံသားခြောက်သွေ့ ပျက်စီးတာမျိုးတွေ မဖြစ်ရအောင် ဆံပင်တွေကို Dryer နဲ့ မမှုတ်ခင် ဗီတာမင်အီး၊ သံလွင်ဆီ စတဲ့အဆီတမျိုးမျိုးကို လိမ်းကျံပေးပြီးမှ အခြောက်ခံပေးခြင်းက ဆံသားတွေကို ပုံကျလှပစေနိုင်ပါတယ်။
(၅) Hair Dryer တွေကို သန့်ရှင်းရေး မလုပ်ဘဲ အမြဲလိုလို အသုံးပြုနေမယ်ဆိုရင် Dryer ထဲက ဖုန်မှုန့်တွေဟာ ဦးရေပြားနဲ့ ဆံပင်ကို ကပ်ငြိနိုင်တာကြောင့် အနည်းဆုံး ၂ ပတ်တခါလောက် Dryer ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
(၆) ခေါင်းလျှော်ပြီး ရေစိုနေတဲ့ ဆံပင်ကို Hair Dryer နဲ့ စမှုတ်တဲ့အခါ အပူရှိန်ပြင်းပြင်းနဲ့ မှုတ်လိုက်မယ်ဆိုရင် ဆံပင်တွေ ပိုမိုပျက်စီးစေနိုင်တာကြောင့် အပူရှိန်လေအား ပျော့တာနဲ့ အရင် စမှုတ်ပေးသင့်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ဆံသားပျက်စီးမှု မရှိအောင် Hair Dryer တွေကို ဘယ်လိုအသုံးပြုမလဲ
ဆံကေသာ နက်မှောင်သန်စွမ်းစေမယ့် အစားအစာများ
ဆံပင်ကောက်သားတွေကို ကြာရှည်ခံ လှပနေစေမယ့် နည်းလမ်း ၅ ခု