• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အားလပ်ရက် အပန်းဖြေသူများနဲ့ စည်ကားနေတဲ့ ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံ

by ညီညီသူ
27 October 2019
in Trend
A A
ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ  / ညီညီသူ / ဧရာဝတီ

ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ / ညီညီသူ / ဧရာဝတီ

18.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့လယ်မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံဟာ အားလပ်ရက်ဆိုရင် အပန်းဖြေ အနားယူသူတွေနဲ့ စည်ကားနေလေ့ ရှိပါတယ်။ ပန်းခြံကို အပန်းဖြေဖို့ လာရောက်ကြသူတွေဟာ ချစ်သူ ရည်းစားတွေတင်မက တကိုယ်တည်း အပန်းဖြေဖို့ လာရောက်ကြသူတွေ၊ မိသားစုနဲ့ အပန်းဖြေဖို့လာရောက်ကြသူတွေ စသဖြင့် လူမျိုးစုံပါပဲ။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778

ပူပြင်းလှတဲ့ ရန်ကုန်မှာ အပူရှောင်ဖို့အတွက် လူတွေဟာ မဟာဗန္ဓုလပန်းခြံကို လာရောက် လည်ပတ်လေ့ရှိကြပါတယ်။ မဟာဗန္ဓုလပန်းခြံကို လာရောက်ကြသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။ တချို့ကတော့လည်း ခဏတဖြုတ် အလည်လာကြတာ ဖြစ်ပေမယ့် တချို့ကတော့ မြက်ခင်းစိမ်းစိမ်းမှာ အေးအေးလူလူ အပန်းဖြေ အနားယူနေတာကိုလည်း တွေ့ရပါတယ်။

ကလေး ကစားကွင်းလည်း ရှိတဲ့အတွက် ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင် ကစားနေတာကို တွေ့ရပါတယ်။ ပန်းခြံကလည်း ဝင်ကြေး အခမဲ့ ဖြစ်တဲ့အတွက် လူတန်းစားပေါင်းစုံ လာရောက် လည်ပတ်လို့ရတဲ့ နေရာ တနေရာပါ။

ပန်းခြံပတ်လည်မှာ ဆိုရင်လည်း ဆူးလေဘုရား၊ ရန်ကုန်မြို့တော်ခန်းမ၊ တရားရုံးချုပ် အဆောက်အဦဟောင်း၊ ဧမာနွေလ ဘုရားရှိခိုးကျောင်း၊ အမေရိကန်သံရုံးဟောင်းနဲ့ ဗဟိုဘဏ် အဆောက်အဦဟောင်းတို့ ရှိပါတယ်။ ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ဆီက လွတ်လပ်ရေး ရရှိတဲ့ အထိမ်းအမှတ် ကျောက်တိုင်လည်း ပန်းခြံအတွင်းမှာ တည်ရှိပါတယ်။

ဗြိတိသျှတွေ အုပ်ချုပ်စဉ်အခါကတော့ လွတ်လပ်ရေး ကျောက်တိုင်နေရာမှာ ဝိတိုရိယဘုရင်မကြီးရဲ့ ရုပ်တုကို ထားခဲ့ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေး ရလာတဲ့ အခါမှာတော့ ဝိတိုရိယဘုရင်မကြီးရဲ့ ရုပ်တုကို အင်္ဂလန်နိုင်ငံကို ပြန်သယ်သွားခဲ့ပါတယ်။

လွတ်လပ်ရေးကျောက်တိုင်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်ကတော့ စည်သူတင်ဦးဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမကို တည်ဆောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပန်းခြံကို ၂၀၁၂ ခုနှစ်မှာ ပြန်လည် မွမ်းမံခဲ့ပါတယ်။ မဟာဗန္ဓုလပန်းခြံအတွင်း တခါတရံ အထင်ကရ ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့ပွဲကိုလည်း ဒီပန်းခြံအတွင်း ကျင်းပခဲ့ဖူးပါတယ်။

အရင်ကတော့ ပန်းခြံအဝင်ဝမှာ ဈေးသည်တွေကို တွေ့ရပေမယ့် အခုတော့ စည်ပင်တွေ စောင့်နေကြတဲ့အတွက် ဈေးသည်တွေကို မတွေ့ရတော့ပါဘူး။ ပန်းခြံ အတွင်းထဲကိုရောက်တော့ အလှူလိုက်ခံနေတဲ့ ကိုရင် ၂ ပါးကို တွေ့ရပါတယ်။ ကိုရင် ဆိုပေမယ့် အသက် ၁၆ နှစ်ကျော်လောက်တော့ ရှိနေပါပြီ။

အလှူလိုက်ခံနေတာကလည်း ပန်းခြံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေဆီကပါ။ ဓာတ်ပုံရိုက်မယ်လုပ်တော့ ထွက်ပြေးသွားပါတယ်။ တခါတခါဆိုရင် ကော်ရှူပြီး မူးနေကြတဲ့ ကလေးတွေကိုလည်းတွေ့ရလေ့ရှိပါတယ်။ ပန်းခြံ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည်တွေ အထင်အမြင်မသေးစေဖို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ အကြံပြု လိုပါတယ်။

ကိုးကား – mm.wikipedia

Your Thoughts …
Tags: မဟာဗန္ဓုလပန်းခြံရန်ကုန်မြို့အပန်းဖြေ
ညီညီသူ

ညီညီသူ

Similar Picks:

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

by ဧရာဝတီ
17 January 2024
6.3k

မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကြီးထွားလာအောင်လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် လက်တွေ့ကျသည့် မည်သည့်အလုပ်မှ မလုပ်ပေ။

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

by ဧရာဝတီ
15 June 2024
5k

သတ်မှတ်ဈေးဖြင့်သာ မဖြစ်မနေ ဖွင့်လှစ် ရောင်းချရမည်ဟု ထိန်းချုပ်လိုက်သည့်အတွက် ရန်ကုန်မြို့ ရွှေဆိုင်တချို့တွင် တန်းစီ ဝယ်ယူခြင်းထိ ဖြစ်သွားခဲ့သည်။

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

by မောင်သော်က
8 June 2024
4.2k

ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ …

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

by မောင်သော်က
13 July 2024
1.6k

လေယာဉ်ပျံ စင်းလုံးငှား၊ လော်စပီကာတွေ တောင်ပံတပ်၊ ရန်ကုန် မြို့ပေါ်ဝဲ၊ ဂါထာ စာရွက်တွေလည်း ကြဲ၊ ဂါထာလည်း ရွတ်လိုက်ရရင်တော့၊ ရန်ကုန် တမြို့လုံး ကြွက်တွေ ရှင်းသွားမယ် ထင်တာပဲ…

ကန်စွန်းနွယ်

ကန်စွန်းနွယ်

by ဇေယျ
6 April 2024
656

လယ်ကန်သင်း ရေစပ်မှ ကန်စွန်းနွယ်ကလေးကား မည်သူမျှ မပြုရဘဲ သေသည် ပျောက်သည်မရှိ၊ အမြဲထာဝရ ရွှင်လန်း ပေါက်ရောက်လျက် ရှိ၏။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် အမျိုးသမီးတဦး / CJ

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

by ဧရာဝတီ
23 April 2021
113.3k

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း

Next Post
ဗိုလ်ချုပ်ကြီး ယွက်စစ်  / ငြိမ်းငြိမ်း  / ဧရာဝတီ

ဗိုလ်ချုပ်ကြီး ယွက်စစ် ကုန်းလမ်းခရီးစဉ် ကန့်သတ်ခံရမှု တပ်မတော်က လုံခြုံရေး အကြောင်းပြ

ကာတွန်း ညီတူညီမျှ

ကာတွန်း ညီတူညီမျှ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate