ရွှေဟာ လူသားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာတွေထဲမှာ ရှေးအကျဆုံးနဲ့ လက်ရှိအချိန်ထိ လူကြိုက်အများဆုံး လက်ဝတ် ရတနာတွေထဲက တခုပဲ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝခြင်းနဲ့ ခွန်အားပြည့်စုံခြင်းရဲ့သင်္ကေတအဖြစ် ရှေးယခင်တည်းက လူသားတွေဟာ ရွှေကို တန်ဖိုးထားဝတ်ဆင်ခဲ့ကြပြီး တခြားသော လက်ဝတ်ရတနာတွေနဲ့ ရွှေရဲ့အဓိက ကွာခြားချက်ကတော့ ရွှေဟာ ကျန်းမာရေးကောင်းကျိုးတွေကို ပေးစွမ်းနိုင်လို့ပါ။ အခုဖော်ပြပေးမှာကတော့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားတဲ့ ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
(၁) ကိုယ်တွင်းအပူချိန်ကို မျှတစေတယ်
ကိုယ်တွင်းအပူချိန် မမျှတတဲ့အခါမှာ ကျန်းမာရေး ပြဿနာတွေနဲ့ အရေပြား ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ရွှေဝတ်ဆင်ခြင်းဟာ ရာသီဥတုကြောင့် ကိုယ်တွင်းအပူချိန် မမျှတတဲ့အခါမျိုးနဲ့ ကိုယ်တွင်း အပူချိန်များလွန်းတာတွေကို ကုစားပေးနိုင်တယ်လို့ သိရပါတယ်။
(၂) အိုမင်း ရင့်ရော်ခြင်းကို နှေးကွေးစေတယ်
ရှေးယခင် နှစ်ပေါင်းများစွာတည်းက ရွှေကို အသားအရေ ကုထုံးတွေမှာ အသုံးပြုခဲ့ကြပြီး အလှဘုရင်မ ကလီယိုပက်ထရာဟာဆိုရင်လည်း ရွှေမှုန်တွေကို မျက်နှာပေါင်းတင်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို့ သမိုင်း မှတ်တမ်းတွေအရ သိရပါတယ်။ သိပ္ပံနည်းအရ လေ့လာတွေ့ရှိမှုတွေမှာဆိုရင်လည်း ရွှေဟာ အသားအရေ ပြဿနာတွေကို ကုစားပေးနိုင်ပြီး အရွယ်တင် နုပျိုစေနိုင်တယ်လို့ သိရပါတယ်။
(၃) ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်တယ်
ရွှေဝတ်ဆင်ခြင်းဟာ ကိုယ်တွင်းသွေးလည်ပတ်မှုနဲ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတာကြောင် အရေပြားနာကျင်ရောင်ရမ်းမှုတွေကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်းကို သက်သာစေနိုင်တယ်
ရွှေဝတ်ဆင်လိုက်တဲ့အခါ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ခံစားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုများခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းတို့ကိုပါ သက်သာစေနိုင်တယ်လို့ သိရပါတယ်။
Ref. www.dazzlingrock.com