ကမ္ဘာကျော် Horror, Thriller စာရေးဆရာကြီး Stephen King ဟာဆိုရင် Maine ပြည်နယ်၊ Bangor မြို့မှာရှိတဲ့ ခြံဝန်းအကျယ်ကြီးထဲက အိမ်ကြီးမှာ စာရေးဆရာတွေကို လာရောက်အနားယူ စာရေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Stephen King လို့ ပြောလိုက်တာနဲ့ သူ့ရဲ့အောင်မြင်ကျော်ကြားလှတဲ့ ချောက်ချားဖွယ် ဝတ္ထုတွေ၊ ဝတ္ထုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ Horror ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပြေးမြင်ကြမှာဖြစ်တာကြောင့် သူ့ရဲ့ချောက်ချားဖွယ်ရာ အိမ်ကြီးဆီကို သွားရောက်လေ့လာ အနားယူဖို့ဆိုတာဟာ ကျောချမ်းစရာ ကိစ္စတခုပဲ ဖြစ်ပါတယ်။
Bangor City Council ရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ Stephen King တို့ဇနီးမောင်နှံဟာ ၃ ဧကခန့်ကျယ်ဝန်းတဲ့ ခြံကျယ်ကြီးထဲမှာရှိတဲ့ သူတို့အိမ်ကြီးဆီ စာရေးဆရာ ၅ ယောက်နဲ့အထက်ကို လာရောက်အနားယူ စာရေးဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။
ဒီခြံဝန်းကျယ်ကြီးထဲမှာဆိုရင်တော့ Stephen King ရဲ့စာရေးသက်တမ်းတလျှောက် တွေ့ကြုံခဲ့ရတဲ့ ချောက်ချားဖွယ်ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို မှတ်တမ်းတင်ထားတဲ့ ပြတိုက်တခု ဖွင့်လှစ်ထားတဲ့ အိမ်ကြီးတလုံးရှိပြီး နောက်ထပ် အိမ်ကြီးတလုံးမှာတော့ လာရောက် အနားယူ စာရေးမယ့် စာရေးဆရာတွေကို ထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအိမ်ကြီးဟာဆိုရင်တော့ Bangor မြို့မှာ ချောက်ချားစရာ အကောင်းဆုံးအိမ်ကြီးလို့ လူအများက အချိန် တော်တော်ကြာအထိ သတ်မှတ်ထားခဲ့ကြတာဖြစ်ပြီး ခြံကျယ်ကြီးထဲက ပြတိုက်ကိုတော့ Stephen King ပရိသတ်တွေ လာရောက် လည်ပတ် လေ့လာနိုင်အောင်လို့ ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။
ဒီချောက်ချားဖွယ် ကောင်းလှတဲ့ အိမ်ကြီးမှာ လာရောက်အနားယူ စာရေးသားမယ့် စာရေးဆရာတွေဆီကနေ ဘယ်လိုမျိုး ချောက်ချားစရာ ဝတ္ထုတွေ ထွက်ရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
“IT”, “Insomnia”, “ 11/22/63”စတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ မူလအစဝတ္ထုတွေကို Stephen King ဟာ Bangor မြို့မှာ နေထိုင်ပြီး ဖန်တီးရေးသားခဲ့တာ ဖြစ်ပါတယ်။
Ref. www.cnn.com
ဆက်စပ်ဖတ်ရှု့ရန်
ကမ္ဘာကျော် စာရေးဆရာကြီး စတီဖင်ကင်းရဲ့ အိမ်ကို ပြတိုက်အဖြစ် အသွင်ပြောင်းမည်