Trend

ခရီးသွားများ လုံခြုံဘေးကင်းစေဖို့ တရုတ်နိုင်ငံ ဖန်သားတံတားများအပေါ် သွားလာခွင့် ပိတ်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ ဖန်သားကြမ်းခင်းခံ တံတားတော်တော်များများ ကို ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ ကြီးကြပ်ကွပ်ကဲမှုနဲ့ ဘေးကင်း လုံခြုံမှု ဆိုင်ရာ စိုးရိမ်မှုတွေကြောင့်လွန်ခဲ့တဲ့ ၁၈ ကျော်အတွင်းမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟူဘေးပြည်နယ်မှာရှိတဲ့ ဖန်သားတံတား ၃၂ စင်းနဲ့ လျှောက်လမ်းတချို့ကို ပိတ်ခဲ့ရပြီး ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ဆုံးလို့ သတ်မှတ်ထားပြီး အရှည် ၄၈၈ မီတာရှိတဲ့ Hongyagu ဖန်သားတံတားကို လွန်ခဲ့တဲ့  ၂နှစ် လောက်ကမှ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Guangdong ပြည်နယ်မှာတော့ အာဏာပိုင်တွေက နာမည်ကျော်ရှုခင်းကြည့် နေရာ ခြောက်ခုမှာ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ အကြောင်း နိုင်ငံပိုင် တရုတ်သတင်းဝန်ဆောင်မှုဌာနက ဆိုပါတယ်။

ဖန်သားတံတားတွေနဲ့ လျှောက်လမ်းတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတွေပါ

တရုတ်နိုင်ငံတဝန်းလုံးမှာ အဲ့ဒီလိုမျိုး ဖန်သားတံတားတွေနဲ့ လျှောက်လမ်းတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတွေ ဖြစ်ခဲ့ပြီးတော့ အခုအထိဆိုရင် ဖန်သားအောက်ခံ တံတားပေါင်း ၂၃၀၀ လောက်နဲ့ မရေမတွက် နိုင်တဲ့ ဖန်သားလျှောက်လမ်း၊ ဆင်ခြေလျှောတွေ ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီထဲက တချို့ကတော့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရာတာလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ Henan ပြည်နယ်မှာရှိတဲ့ တောင်တန်းတခုဘေးနားမှာ တွဲချိတ်ထားတဲ့ ဖန်သားအောက်ခံ လျှောက်လမ်းတခုပေါ်ကို ကမ္ဘာလှည့်ခရီးသည်တွေ ဖြတ်လျှောက်ခဲ့ကြပြီးတဲ့နောက် ကွဲအက်ခဲ့ ဖူးပါတယ်။ အဲ့ဒီနောက် ပြန်လည်ပြင်ဆင်ဖို့ အမြင့်ပေ ၃၀၀၀ မှာရှိတဲ့ အဲ့ဒီလျှောက်လမ်းကို ပိတ်ပစ်ခဲ့ရပါတယ်။

အဲ့ဒီနောက်နှစ်မှာပဲ ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ အရှည်ဆုံး ဖြစ်ခဲ့ဖူးတဲ့ ဖန်သားအောက်ခံ တံတားကို အများပြည်သူအတွက် ဖွင့်လှစ်ပြီး သီတင်းနှစ်ပတ်လောက် အချိန်အတွင်းမှာပဲ ပြန်လည် ပြုပြင် ထိန်းသိမ်းဖို့ ပိတ်ပစ်ခဲ့ရပါတယ်။

ဖန်သားတံတားတွေနဲ့ လျှောက်လမ်းတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတွေပါ

ခြောက်မီတာအကျယ်ရှိတဲ့ အဲ့ဒီတံတားဟာ မီတာ ၄၃၀ အရှည်ရှိပြီး Hunan ပြည်နယ်၊ Zhangjiajie မြို့မှာ ရှိတဲ့ တောင်တန်းနှစ်ခုကို ဆက်သွယ်ထားတဲ့ တောင်ကြားတခုကို ဖြတ်သန်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေအတွက် အန္တရာယ်ရှိနေတဲ့ နေရာတွေထဲမှာ Guangzhou မြို့က Canton Tower Bubble Tram နဲ့ Chongqing မြို့က Cliff Swing တို့လည်း ပါဝင်ကြပါတယ်။

Ref: independent

Did you find apk for android? You can find new Free Android Games and apps.
Loading