Trend

ဂျပန်နိုင်ငံ နာဟာမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Shuri ရဲတိုက် မီးလောင်

ပြီးခဲ့တဲ့နာရီပိုင်းလောက်ကပဲ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်မှာရှိတဲ့ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်တဲ့ Shuri ရဲတိုက်ကို မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီဒေသမှာရှိ တဲ့လူတွေကို ဘေးလွတ်ရာ ကိုပြောင်းရွှေ့ပေးနိုင်ခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လူဘယ်လောက် ပြောင်းရွှေ့ပေးနိုင်ခဲ့သလဲဆိုတာနဲ့ လောင်နေတဲ့မီးက ဘယ်လောက် ကြီးမားလာဦးမလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့လည်း သိရပါတယ်။

မီးစတင်လောင်ကျွမ်းရာနေရာကတော့ အိုကီနာဝါစီရင်စု Naha မြို့မှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင် Shuri ရဲတိုက် ပင်မအဆောက်အဦနေရာက ဖြစ်ပါတယ် လို့ Naha မီးသတ်ဌာနကပြောပါ တယ်။ ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Shuri ရဲတိုက်မှာ Ryukyu မင်းဆက်တွေ နှစ်ပေါင်း ၄၀၀ ကျော် ထီးနန်းစိုက်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၄၅ ခုနှစ် အိုကီနာဝါတိုက်ပွဲမှာတော့ မူလရဲတိုက်ကြီးဟာ အားလုံးနီးပါး ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့်လည်း ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ် အစောပိုင်း မှာတော့ အလုံးစုံပြီးစီး ခဲ့ပါတယ်။

မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးမယ့် အောက်တိုဘာ ၃၁ ရက် မနက် ၂ နာရီခွဲ လောက်မှာတော့ လုံခြုံရေးကုမ္ပဏီရဲ့ အချက်ပေးမှုစနစ် ပြတ်တောက်သွားခဲ့တယ်လို့ အိုကီနာ ဝါစီရင်စုရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ryo Kochi ကပြောပါတယ်။

အခုမီးလောင်ကျွမ်းခဲ့တဲ့နေရာဟာ ၁၉၇၀ ခုနှစ် အစောပိုင်းကာလတွေတုန်းက အိုကီနာဝါရဲ့ အကြီးဆုံးတက္ကသိုလ် ဖြစ်ခဲ့ပြီး နိုင်ငံတကာခရီးသွား အများအပြား လာရောက် လည်ပတ်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။

Ref:edition.cnn,bbc

You may also like these stories:

ပြောင်းလဲ တိုးတက်မှု အရှိန်များ နှင့် ဗီယက်နမ်

နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံဖို့ ခရီးသွားနေကြတဲ့ တရုတ်ခရီးသွားများ

ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့ အကြိုပြင်ဆင်မှုတွေ စတင်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ

Loading