Trend

နယူးဒေလီမီးခိုးမြူ အန္တရာယ်ကြောင့် ကလေး ငါးသန်းကျော်ကို Mask တွေ ဝေငှပေး

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံ၊ နယူးဒေးလီမြို့မှာ ပုံမှန်ထက် ဆိုးနေတဲ့ မီးခိုးမြူအန္တရာယ်ကာကွယ်ဖို့အတွက် ကလေး ငါးသန်း ကျော်အတွက် အစိုးရက Mask တွေ ဝေငှပေးခဲ့ပါတယ်။ မီးခိုးအဆိပ်ငွေ့တွေကြောင့် ကျောင်းတွေလည်း ပိတ်ရ ဖို့ရှိနေပါတယ်။

မြို့တော် ဒေလီဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရတာပါ။ ဒါပေမယ့် နိုဝင် ဘာ ၁ ရက်နေ့လယ်ပိုင်းမှာ အဆိုးဆုံးအခြေအနေကို ရောက်သွားခဲ့ပါတယ်။ တချို့နေရာတွေမှာ လေထုသန့်စင် နှုန်းရဲ့ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက်ထက်တောင် ရောက်ခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

အဆိုးဆုံးအခြေအနေအတိုင်း နောက်ထပ် ၄၈ နာရီ ထပ်ဖြစ်နေမယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေဘက်က အရေးပေါ်အခြေအနေ ကြေညာသွားရဖို့ရှိတယ်လို့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးှဗဟိုဌာနက တာဝန်ရှိသူတ ဦးက ဆိုပါတယ်။

လေထုညစ်ညမ်းမှု အနိမ့်ဆုံးအခြေအနေမှာဆိုရင် ဧရိယာအတွင်းက ကျောင်းတွေ ပိတ်ထားရမှာဖြစ်သလို၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရပါမယ်။ မြို့ထဲ ထရပ်ကားများ ဝင်ရောက်ခွင့် တားမြစ်ထား ရမှာဖြစ်ပြီး၊ အိမ်စီးကားတွေတောင် တရက်ခြားတခါ အလှည့်ကျနဲ့ သွားလာခွင့်ပဲ ပြုရပါတယ်။

ပိုဆိုးလာတဲ့ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းမှုအခြေအနေဆိုးနေတဲ့ ဒေလီမြို့ပေါ်မှာ အစိုးရက ကလေး တွေအတွက် လိုအပ်နေတဲ့ Mask ငါးသန်းကျော် စတင်ပေးဝေနေပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒေလီမြို့ဟာ လူဦးရေ ၁၈ သန်းကျော်နေထိုင်တဲ့ မြို့ကြီးတမြို့ပါ။

အစောပိုင်းတုန်းကလည်း နယူးဒေလီမှာ မီးခိုးမြူတွေ ကျဆင်းနေတာကြောင့် ပန်ဂျပ်နဲ့ ဟာရာနာပြည်နယ်တွေ က တာဝန်ရှိသူတွေကလည်း သူတို့ဒေသမှာရှိတဲ့ လယ်သမားတွေကို တောင်ယာမီးရှို့တာမျိုး မလုပ်ကြဖို့ တား မြစ်ခဲ့ပါတယ်။ အခုချိန်ဟာ မြို့တော်နယူးဒေလီမှာ တောင်ယာမီးရှို့ချိန်အပြင် ဟိန္ဒူဘာသာဝင်တွေရဲ့ မီးထွန်း ပွဲကျင်းပတဲ့ကာလဖြစ်လို့ လေထုညစ်ညမ်းမှုအဆင့်က အဆိုးဆုံးမှာရှိနေတတ်တာပါ။

လေထုညစ်ညမ်းမှုဟာ အစိုးရအရေးပေါ်အခြေအနေဖြစ်လို့ တားဆီးကာကွယ်ဖို့ လုပ်ဆောင်သွားမယ့်အပြင် နောက်ပိုင်း လျော့နည်းစေမယ့် နည်းလမ်းတွေကိုလည်း အဖြေရှာသွားမယ်လို့ ဝန်ကြီးချုပ်မိုဒီရဲ့ Bharatiya Janata ပါတီက ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Ref: edition.cnn

Did you find apk for android? You can find new Free Android Games and apps.
Loading