လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက အဖြစ်အပျက်တွေကို စာအုပ်တွေ၊ သမိုင်းမှတ်တမ်းတွေအရ သိရပြီး သမိုင်းကြောင်း တိုင်းလိုလိုကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမျိုး မဟုတ်တာကြောင့် အမှန်တွေလို့ မဆိုနိုင်ပါဘူး။ တဆင့်စကား၊ တဆင့်နားနဲ့ သိခဲ့ရတာမျိုးတွေကများပြီး အခုဖော်ပြပေးမယ့် သမိုင်းဖြစ်ရပ်တွေဟာဆိုရင်လည်း တကယ်မဖြစ်ပျက် ခဲ့ဘဲ လူတွေအထင်မှားပြီး ယုံကြည်နေကြတဲ့ သမိုင်းအဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။
(၁) နယူတန်ရဲ့ပန်းသီးနိယာမ
နယူတန်ရဲ့နိယာမနဲ့ပတ်သက်ပြီး လူတော်တော်များများ ယုံကြည်နေကြတဲ့ နယူတန်ဟာ ပန်းသီးပင်အောက် ထိုင်နေတုန်း ပန်းသီးတလုံးသူ့ခေါင်းပေါ် ကြွေကျရာကနေ ကမ္ဘာမြေရဲ့ဆွဲအားနိယာမကို ရှာဖွေတွေ့ရှိခဲ့တယ် ဆိုတာဟာ တကယ်မဖြစ်ပျက်ခဲ့ဘူးလို့ သိရပါတယ်။
ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ ထွက်လာပြီးနောက်ပိုင်း ရက်ပေါင်းများစွာ သူ့မိခင်ဥယျာဉ်ထဲက သစ်ရွက်တွေနဲ့ သစ်သီးတွေ ကြွေကျတာကိုကြည့်ပြီး သချာၤပညာကို လေ့လာလိုက်စားပြီးနောက်ပိုင်းမှသာ သူ့ရဲ့နိယာမကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
(၂) အိုင်းစတိုင်းဟာ သချာၤညံ့တယ်ဆိုတဲ့ ဖြစ်ရပ်
ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းဟာ ကျောင်းတုန်းက သင်္ချာဘာသာရပ်မှာ ညံ့တယ်ဆိုတာကလည်း တကယ်မဟုတ်ခဲ့ပါဘူး။ သူဟာ ငယ်စဉ်တည်းက သချာၤဘာသာရပ်မှာ ထူးချွန်ပြီး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။
(၃) ထရိုဂျန်မြင်းရုပ်
ဂရိတွေဟာ ထရွိင်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ဧရာမမြင်းရုပ်ကြီးတခုကို ပြုလုပ်ပြီး အရုပ်တွင်းမှာ ဂရိစစ်သည်တွေကို ပုန်းခိုစေကာ မြို့ကိုသိမ်းခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်ဟာ တကယ်မဟုတ်ဘဲ ပါးစပ်ရာဇဝင်သာ ဖြစ်တယ်လို့ သိရပါတယ်။ ထရိုဂျန်မြင်းရုပ်ဟာ တကယ်မရှိခဲ့ဘဲ ပုံပြင်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေမှာသာ ဖန်တီးထားတာ ဖြစ်ပါတယ်။
(၄) စပါတန်စစ်ပွဲ
စပါတန်တွေဟာ ဘယ်သူ့အကူအညီမှ မပါဘဲ စစ်သည်ပေါင်း ၃၀၀ လောက်နဲ့ ပါရှန်းတွေကို ခုခံတိုက်ခိုက် ခဲ့တယ်ဆိုတဲ့ သမိုင်းဖြစ်ရပ်ဟာ အမှားချည်းသာ ဖြစ်ပြီး တကယ့်ဖြစ်ရပ်အမှန်ကတော့ မဟာမိတ်အဖွဲ့က လူအင်အား လေးထောင်ကျော်ရဲ့ အကူအညီကို ယူကာ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Ref. brightside.me