ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုချင်း သိပ်ကွာခြားတဲ့ နိုင်ငံတွေတော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ကိုးကွယ်တာချင်းကလည်း အတူတူပါပဲ။ တန်ဆောင်တိုင် နီးလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်ပွဲတော်ကျင်းပသလို ထိုင်းနိုင်ငံမှာလည်း မီးထွန်းပွဲတော် ကျင်းပလေ့ ရှိပါတယ်။
ဒီတနှစ်မှာတော့ ထိုင်းနိုင်ငံ တဝှမ်းလုံးမှာ မြစ်ချောင်း ၊ ရေကန်နဲ့ တူးမြောင်းတွေကို မီးထွန်းပွဲတော် ကျင်းပပေးပါလိမ့်မယ်။ Loy Krathong ပွဲတော်လို့ နာမည်ရတဲ့ ဒီပွဲတော်မှာတော့ အပြစ်ကနေ ခွင့်လွတ်ပေးဖို့ ရေနတ်ဘုရားတွေကို ထိုင်းလူမျိုးတွေက တောင်းပန်လေ့ ရှိကြပါတယ်။
ဒီပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ပွဲတော်ဖြစ်ပြီး မိသားစုတွေအနေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။
ဆုမ်ခရမ်ပွဲတော်ပြီးရင် ဒီပွဲတော်ဟာ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ ပွဲတော်တခုပါ။ ချင်းမိုင်မြို့မှာတော့ ဒီပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း နာမကျန်းဖြစ်မှုတွေကနေ လွတ်မြောက်ဖို့နဲ့ အနာဂတ် ကံကြမ္မာကောင်းတွေ ရရှိအောင် ဒီပွဲတော်ကို ကျင်းပကြတာပါ။
ဒီပွဲတော်ကိုကျင်းပတာ ထိုင်းနိုင်ငံတခုတည်း မဟုတ်ပါဘူး။ လာအို၊ မြန်မာနဲ့ သီရိလင်္ကာနဲ့ ကမ္ဘောဒီး ယားနိုင်ငံတွေမှာလည်း ကျင်းပလေ့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ လေယာဉ်ခရီးစဉ် ၁၅၁ ခုကို ဖျက်သိမ်းမယ်လို့ကြေညာခဲ့ပါသေးတယ်။
အဲဒီလိုကြေညာရခြင်းရဲ့အကြောင်းကတော့ လေကြောင်းလိုင်းတွေအနေနဲ့ လေကြောင်းဆိုင်ရာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အတွက်ကြောင့်လို့ လေဆိပ်လက်ထောက်ညွှန်ကြားရေးမှူး Thananrat Prasertsri က ပြောပါတယ်။
Ref: bangkokpost, thephuketnews
You may also like these stories:
စပိန်နိုင်ငံက ပျော်စရာကောင်းတဲ့ ခရမ်းချဉ်သီးပွဲတော်
တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိတဲ့ အမေရိကရဲ့ မြို့ ၅ မြို့
ကလေးတွေကို မကောင်းဆိုးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့ ပြုလုပ်လေ့ရှိတဲ့ စပိန်နိုင်ငံက ပွဲတော်