နိုဝင်ဘာလ ၁၄ ရက်နေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ပါပဲ။ ဒီပွဲတော်ကိုတော့ အိန္ဒိယနိုင်ငံ တဝှမ်းလုံးမှာ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကလေးသူငယ်အခွင့်အရေး ၊ ပညာရေးဆိုင်ရာ အသိပညာတွေ တိုးပွားလာစေဖို့ အတွက်ပါပဲ။
နိုဝင်ဘာ ၁၄ ရက်မှာတော့ ကလေးသူငယ်ပညာရေးနဲ့သက်ဆိုင်တဲ့ အစီအစဉ်ပေါင်းများစွာကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ကို ပထမဆုံးအကြိမ်ကျင်းပခဲ့တာတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဂျဝါဟာလာနေရူး လက်ထက် ၁၉၅၆ ခုနှစ်မှာပါ။ အိန္ဒိယနိုင်ငံရဲ့ ကလေးတွေကို ချစ်ခင်လေးစားတဲ့အနေနဲ့ ကျင်းပပေးခဲ့တာပါ။
သူ မကွယ်လွန်မီအချိန်တုန်းကတော့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကို ကလေးများနေ့အဖြစ် ကျင်းပခဲ့ပါတယ်။ သူကွယ်လွန်ပြီးနောက်ပိုင်းမှာတော့ သူမွေးနေ့ဖြစ်တဲ့ နိုဝင် ဘာ ၁၄ ရက်နေ့ကို ကလေးများနေ့ အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ကလေးများနေ့နဲ့ပတ်သက်ပြီး နေရူးရဲ့ နာမည်ကြီးစကားတခွန်းရှိပါတယ်။ အဲဒီစကားကတော့“ဒီကနေ့ကလေးတွေ ဟာ မနက်ဖြန်အိန္ဒိယကို ဖန်ဆင်းလိမ့်မယ်” ဆိုတဲ့စကားပါပဲ။
နေရူးပြောခဲ့တဲ့အတိုင်းလည်း ကလေးတွေဟာ မနက်ဖြန်ကမ္ဘာအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်လည်း နိုဝင်ဘာလ ၁၄ ရက်နေ့ရောက်တိုင်း ကလေးများနေ့ကို အိန္ဒိယနိုင်ငံမှာ ခမ်းခမ်း နားနားကျင်းပလေ့ရှိပါတယ်။
နေရူးမွေးနေ့မှာ ကျင်းပလေ့ရှိတာကြောင့်လည်း ဒီပွဲတော်ဟာ နေရူးမွေးနေ့အခမ်းအနားဆိုရင်လည်း မမှားပါဘူး။ တရားဝင်ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက်လည်း ကလေးတွေဟာ အမျိုးသားဥယျာဉ် ၊ သိပ္ပံစင်တာတွေနဲ့ အမျိုးသားပြတိုက်တွေကို သွားရောက်လည်ပတ်လေ့ရှိကြပါတယ်။
ထင်ရှားတဲ့နေရာကတော့ ဒေလီမြို့က National Rail ပြတိုက်ပါပဲ။ ဒီပြတိုက်မှာဆိုရင်တော့ ခေတ်အဆက်ဆက်က အိန္ဒိယနိုင်ငံရဲ့ မီးရထားအရွယ်အစားပေါင်း ၁၀၀ ကျော်ကိုပြသထားသလို ရှေးဟောင်းပရိဘောဂပစ္စည်းတွေနဲ့ ရထားနဲ့ ဆက်စပ်နေတဲ့ သမိုင်းဝင်ဓာတ်ပုံပေါင်းများစွာကို ပြသ ထားပါတယ်။ ၁၈၅၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အတွက်ကြောင့် လည်း သမိုင်းဝင်အဆောက်အဦ ဖြစ်ပါတယ်။
နောက်ထပ် ကလေးတွေ လည်ပတ်လေ့ရှိတဲ့နေရာကတော့ ဒေလီမြို့က အမျိုးသားသိပ္ပံပြတိုက်ပါပဲ။ ဒီပြတိုက်မှာ ဆိုရင်တော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ မေခွန်းပေါင်းများစွာကို ကလေးတွေအနေနဲ့ မေး မြန်းနိုင်ပါတယ်။
နေရူးပြောခဲ့သလိုပါပဲ။
“ဒီကနေ့ကတွေဟာ မနက်ဖြန်အိန္ဒိယဖန်ဆင်းလိမ့်မယ်” ဆိုသလို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ကလေးများနေ့မှာ အိန္ဒိယက ကလေးပေါင်းစွာဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အမျိုးသားပြတိုက်တွေနဲ့ သိပ္ပံပြတိုက်တွေကို သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။
Ref,timeofindia.indiatimes.com
You may also like these stories:
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား
နိုဝင်ဘာလအတွင်း သွားလည်သင့်တဲ့ အိန္ဒိယနိုင်ငံက နေရာများ
အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးရေအိုင်မှာ ငှက်ထောင်နဲ့ချီ သေဆုံးမှု ဖြစ်ပွား