Trend

ဟောင်ကောင် ဆန္ဒပြပွဲအတွင်း ခဲထိမှန်သူ အမျိုးသားတဦး အသက်အန္တရာယ် စိုးရိမ်ရ

Want create site? Find Free WordPress Themes and plugins.

ဟောင်ကောင်ဆန္ဒပြပွဲအတွင်းမှာ ဆန္ဒပြသူ အုပ်စု တဖက်နဲ့ တဖက် အပြန်အလှန် တိုက်ခိုက်နေရင်း သက်ကြီးရွယ်အို အမျိုးသားတဦး အုတ်ခဲထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၃ရက်နေ့ ဗုဒ္ဓဟူးနေ့က Sheung Shui  ရထားဘူတာရုံရဲ့ အပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ အနီးတဝိုက်က ဒေသခံတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး အပြန်အလှန်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီရန်ပွဲမှာ အသက် ၇၀ အရွယ် အဘိုးအိုတဦးကို အုတ်ခဲနဲ့ ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံ မှတ်တမ်းတွေ အရ ရန်ပွဲဖြစ်နေတဲ့ အုပ်စု ၂စုဟာ အဘိုးအိုလဲကျသွားပြီးတဲ့ နောက်မှာတောင် ခဲတွေနဲ့ ဆက်လက် ပစ်ပေါက်နေကြတာကို တွေ့ရပါတယ်။

အနက်ရောင်ကို ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ ထီးတွေနဲ့ အကာအကွယ်ယူခဲ့ကြပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲတွေ အနေနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

” အုတ်ခဲ ထိမှန်တဲ့ အမျိုးသားရဲ့ အခြေအနေကတော့ စိုးရိမ်ရပါတယ်။ အခုအချိန်မှာ ဆေးရုံကို ပို့ထားရပြီး ရဲတွေကတော့ ဖမ်းဆီးတာတွေကို ပြုလုပ်ပေးခြင်းမရှိခဲ့ပါဘူး  ” လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ အဲဒီ အဘိုးအိုကို အစောပိုင်းက အနီးအနားမှာ ရှိတဲ့ ဆေးရုံကို ပို့ပေးခဲ့ပေမယ့် အခြေအနေဆိုးလာလို့ အရေးပေါ်ဆေးရုံကို ပို့ပေးခဲ့ရပါတယ်။

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကြောင့် နိုဝင်ဘာလ ၁၃ရက်နေ့မှာပဲ ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆေးရုံက တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေမှာ အသက် ၁နှစ်ကစပြီး အသက် ၈၁ အရွယ်တွင်းရှိတဲ့ သူတွေပါဝင်ပါတယ်။

ဇွန်လ ကတည်းက ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲကြောင့် အခုအချိန်အထိ ဆန္ဒပြသူ ၃၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။

Ref; businessinsider

Did you find apk for android? You can find new Free Android Games and apps.
Loading