နိုဝင်ဘာလအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ ဒေါသနဲ့ အော်ဟစ်ငိုယိုနေတဲ့ အမျိုးသမီးနဲ့ ဘာကိုမှ နားမလည်တဲ့ ရုပ်နဲ့ ကြောင်တို့ရဲ့ Meme က ရေပန်းစားနေပါတယ်။
Meme (မီးမ်) တွေဟာ လူမှုကွန်ရက်မှာ ရေပန်းစားပြီးနောက် လူငယ်တွေ အသုံးများတဲ့ ဟာသရုပ်ပုံတွေဖြစ်ပြီး ပုံတပုံကို ကြည့်ရုံနဲ့ လိုရင်းကို ရောက်အောင် ပြောနိုင်စွမ်းရှိသလို အလားတူ ဟာသမျိုးတိုင်းကို ပုံတပုံတည်းနဲ့ ဖော်ပြလို့ ရပါတယ်။
ဒေါသထွက်နေတဲ့ အမျိုးသမီးနဲ့ ကြောင် Meme ကို ၂၀၁၉ ခုနှစ် မေလမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး တွစ်တာ အသုံးပြုသူတဦးက မတူညီတဲ့ နေရာ ၂ ခုက ဓာတ်ပုံ ၂ ပုံကို ပေါင်းပြီး စတင်အသုံးပြုခဲ့တာပါ။ ဒီ Meme ထဲမှာ ပါဝင်တဲ့ အမျိုးသမီးဟာ ၂၀၁၁ ခုနှစ်က The Real Housewives of Beverly Hills ဆိုတဲ့ ရုပ်သံရှိုးတခုမှာ ပါဝင်ခဲ့တဲ့ Taylor Armstrong ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလုခင်ဖြစ်နေတယ်ဆိုတာ လိမ်ထားကြောင်း စွပ်စွဲမှုတွေကို ပြန်လည်ဖြေရှင်းနေတဲ့ အချိန်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီ Meme ရေပန်းစားလာတဲ့ အချိန်မှာ အဲဒီအမျိုးသမီးက “အခုလို အသုံးပြုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျမက အဲဒီအချိန်ကလို မဟုတ်တော့ပါဘူး။ နောက်ထပ် အိမ်ထောင်ပြုပြီး စိတ်ပျော်ရွှင်နေပါပြီ။ ကျမရဲ့ ရုပ်သံရှိုးထဲက ဇာတ်ဝင်ခန်းတနေရာက အခုလို နာမည်ကြီး Meme ဖြစ်လာလိမ့်မယ်လို့ တခါမှ မျှော်လင့်ခဲ့ပါဘူး”လို့ သူမရဲ့ လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။
Meme ထဲက ကြောင်လေးကတော့ Smudge လို့ အမည်ရပြီး အင်စတာဂရမ်မှာ Follower ၁ သန်းကျော်ရှိတဲ့ နာမည်ကျော် ကြောင်လေးဖြစ်ပါတယ်။ ကြောင်လေးက သူ့သခင်ကျွေးတဲ့ အသီးအရွက်ကို မစားချင်တာကြောင့် ဖြစ်သွားတဲ့ မျက်နှာကို သခင်က ရိုက်ထားတာဖြစ်ပြီး အဲဒီ ကြောင်လေးဟာ ၂၀၁၈ ခုနှစ်ကတည်းက လူအများရဲ့ ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။
မတူညီတဲ့ နေရာတခုစီက ဓာတ်ပုံ ၂ ပုံကို ယူပြီးသွားတဲ့ နောက်မှာတော့ ဒီ Meme ဟာ နိုင်ငံတကာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေပန်းစားလာပြီး ပန်းချီကားများ၊ Cosplay များ ပြုလုပ်သူတွေ အများအပြား ရှိလာတာပဲ ဖြစ်ပါတယ်။
Ref; nation.co
You may also like these stories:
Meme ထဲက လူတွေရဲ့ လက်တွေ့ဘဝ ပုံရိပ်များ
ကြောင်ချစ်သူတွေ ကြောင်နဲ့ Selfie လှလှ ရိုက်နိုင်ဖို့ တီထွင်လိုက်တဲ့ Cat Selfie Device
ပုံစံအမျိုးမျိုးနဲ့ ကတတ်တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံက ကြောင်လေး