ကားအတွင်း ကလေးငယ်ကျန်ခဲ့မှု မတော်တဆဖြစ်စဉ်တွေကြောင့် အသက်ဆုံးရှုံးမှုမရှိအောင် ကာကွယ်တဲ့ အနေနဲ့ အီတလီနိုင်ငံမှာ ဥပဒေသစ်တရပ်ကို အတည်ပြုလိုက်ပါပြီ။ နိုဝင်ဘာ ၁၄ ရက်က စတင်အသက်ဝင်ခဲ့တဲ့ ဥပဒေသစ်ဟာ ကားအတွင်း ကလေးကျန်နေရင် ယာဉ်မောင်းသူကို အချက်ပေးမယ့် ကိရိယာတပ်ဆင်ဖို့ သတ် မှတ်လိုက်တာပါ။
မိဘတွေရဲ့ ပေါ့ဆမှုကြောင့် ကလေးငယ်တွေ မတော်တဆ ကားအတွင်း ကျန်ခဲ့ကြပြီး အပူလွန်ကဲကာ သေဆုံး ခဲ့တဲ့ ဖြစ်စဉ်တွေကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေသစ်ကို ပြဌာန်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေသစ် ကြောင့် ကလေးငယ်တွေ နောက်ဘက်ခုံမှာဖြစ်ဖြစ် ရှေ့ဘက်မှာဖြစ်ဖြစ်ထားခဲ့ရင် အချက်ပေးမယ့်ကိရိယာကို ကလေးငယ်ရှိတဲ့ ကားတိုင်း မဖြစ်မနေတပ်ရတော့မှာပါ။
ကာတံခါးပိတ်ခဲ့တာနဲ့ အချက်ပေးသံ ထမြည်မယ့်ကိရိယာကြောင့် ဘေးပတ်ဝန်းကျင်က သတိထားမိစေနိုင်တာ မျိုးတွေရှိသလို တချို့ကျပြန်တော့လည်း မိဘတွေရဲ့ လက်ကိုင်ဖုန်းမှာ Software ထည့်ထားပြီး ကလေးထိုင်နေ တဲ့ခုံနဲ့ အတိုင်းအတာတခုကွာသွားတာနဲ့ အရေးပေါ်အချက်ပြပေးမယ့် စနစ်တွေဆိုပြီးရှိတယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဒါ့ပြင် ကားအတွင်း ကလေးငယ်ကျန်ခဲ့တာနဲ့ ပြစ်မှုပေါ်မူတည်ပြီး ပထမအကြိမ်ဆိုရင် ယူရိုငွေ ၃၃ ကနေ ၃၃၃ ထိ ချမှတ်နိုင်သလို လိုင်စင်ပေါ်က ပွိုင့်တွေပါ လျော့ချမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ဆိုရင်တော့ ယာဉ် မောင်းလိုင်စင်ကို ၁၅ ရက် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာပါ။
ဥပဒေသစ်ဟာ အသက် ၄ နှစ်အောက် ကလေးရှိတဲ့ မိဘတိုင်းကို အကျုံးဝင်စေပါတယ်။ အဆိုပါ ဥပဒေကို ၂၀၁၈ ခုနှစ်ထဲက တင်သွင်းခဲ့တာဖြစ်ပြီး ၂၀၁၉၊ နိုဝင်ဘာ ၁၄ ရက်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။
ဝန်ကြီးဌာနက ဖော်ပြချက်အရ အချက်ပေးနိုင်မယ့် ကိရိယာတွေကို Online နဲ့ ကလေးပစ္စည်းဆိုင်တွေကနေ အလွယ်တကူ ဝယ်ယူနိုင်ပြီး အချက်အလက်အပြည့်အစုံ ပြန်ပြနိုင်မယ်ဆိုရင် အစိုးရဘက်က ကုန်ကျငွေပြန် ပေးသွားမယ်လို့ မက်လုံးပေးထားပါတယ်။ ဥပဒေကို အတိပြုလိုက်ပေမယ့်လည်း စာရွက်စာတမ်းတွေနဲ့ ရုံးလုပ် နည်းလုပ်ထုံးတွေ အတိအကျမထွက်သေးဘူးလို့ ဆိုပါတယ်။
အမေရိကန်မှာလည်းမှာလည်း ကားအတွင်း ကလေးငယ်ကျန်ခဲ့မှုကြောင့် နှစ်စဉ် ပျှမ်းမျှ ၃၈ ယောက်ခန့် သေဆုံးကြပါ တယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ အတွင်း သေဆုံးမှု ပိုများလာခဲ့ပြီး ၂၀၁၉ အတွင်းမှာတင် ကလေးငယ် ၅၂ ယောက် သေဆုံးခဲ့ပါတယ်။
Ref: edition.cnn