ကမ္ဘာတဝှမ်းမှာ ဖက်ရှင်စိတ်ဝင်စားသူတွေအပါအဝင် လူတော်တော်များများ ဈေးကြီးပေးဝယ်ပြီး ဝတ်ဆင်နေတဲ့ လည်သာ (Leather) တွေဟာ တိရစ္ဆာန်တွေရဲ့ သားရေတွေကနေ ရရှိတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက်ရော တိရစ္ဆာန်တွေ မျိုးသုဉ်းပျောက်ကွယ်လာမယ့် အရေးအတွက်ပါ စိုးရိမ်စရာပါ။
နာမည်ကြီး အဝတ်အစား ကုမ္ပဏီတွေဟာ Leather တွေကို တိရစ္ဆာန်တွေဆီကနေ မဟုတ်ဘဲ အပင်တွေဆီကနေ ထုတ်လုပ်နိုင်ဖို့အတွက် လေ့လာစမ်းသပ်မှုတွေကို အပြိုင်အဆိုင်ဆိုသလို ရှာဖွေနေကြပါတယ်။
အခုတခါမှာတော့ မက္ကဆီကိုနိုင်ငံက စွန့်ဦးတီထွင်သူ ဒီဇိုင်နာနှစ်ဦးဟာ ရှားစောင်းမျိုးနွယ်ဝင်အပင်တွေဆီကနေ လည်သာတွေ ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီဇိုင်နာနှစ်ဦးကတော့ Adrian Lopez Velarde နဲ့ Marte Cazarez တို့ဖြစ်ပြီး ဒီလေ့လာမှုကို အချိန် ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့အပြီးမှာ ထုတ်လုပ်နိုင်ခဲ့တာပါ။
ရှားစောင်းအပင်ကနေ ရရှိတဲ့ ဒီလည်သာအမျိုးအစားကို “ Desserto”လို့ အမည်ပေးထားပြီး ဒီလေ့လာဖန်တီးမှုနဲ့ ပတ်သက်ပြီး Velarde က အခုလို ရှင်းပြခဲ့ပါတယ်။
“ ဒီလေ့လာမှုအတွက် အချိန် ၂ နှစ်ကျော်ကြာ အချိန်ပေးအပြီးမှာ စိတ်တိုင်းကျတဲ့ အဖြေတခုကိုရခဲ့တာပါ။ Vegan Leather တွေ ထုတ်လုပ်ထားနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့သိထားတဲ့ နည်းလမ်းတွေကို မျှဝေသွားမှာပါ”
“ ကုန်ကြမ်းအပင်တွေဖြစ်တဲ့ ဒီရှားစောင်းပင်တွေကတော့ မက္ကဆီကိုမှာ ပေါပေါများများရှိတာမို့ ပူစရာ မလိုပါဘူး၊ တခြားနိုင်ငံတွေအနေနဲ့တော့ ဒီအပင်တွေကို စိုက်ပျိုးရမယ့် နည်းလမ်းတွေ၊ ကုန်ချော ထုတ်လုပ်ပုံအဆင့်ဆင့်တွေကို ပြန်လည်မျှဝေသွားမှာပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒီ Desserto လို့အမည်ရတဲ့ ရှားစောင်းလည်သာကို အီတလီနိုင်ငံ၊ Milan မြို့မှာ ကျင်းပတဲ့ International Leather Fair မှာဝင်ရောက်ပြသခဲ့ပြီး လည်သာကုမ္ပဏီတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပါ။
အခုနောက်ပိုင်းမှာတော့ ဒီ Vegan လည်သာတွေ ထုတ်လုပ်ဖို့ကို အဝတ်အစားကုမ္ပကြီးတွေဟာ အာရုံစိုက်လာနေတာ ဖြစ်ပြီး H&M က ဒီဇိုင်နာတဦးကလည်း ပြီးခဲ့တဲ့နှစ်တုန်းက နာနတ်သီးခွံနဲ့ပြုလုပ်ထားတဲ့ Vegan Leather တမျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။
Ref. truththeory.com
You may also like these stories:
အမျိုးသမီးများ ဓမ္မတာလာစဉ် အသုံးပြုရသည့် ဆီလီကွန်ခွက်များ စတင်အသုံးများလာ
ပုံစံအမျိုးမျိုးနဲ့ ကတတ်တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံက ကြောင်လေး