ထိုင်းနိုင်ငံမှာ ထီပေါက်ထားတဲ့ ထီလက်မှတ်ကို ခင်ပွန်းဖြစ်သူက ယူပြီး ထွက်ပြေးသွားတာကြောင့် အမျိုးသမီးတဦးက ရဲစခန်းမှာ လာရောက် တိုင်ကြားထားတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် Pornthida Chamnanwet လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ သူရဲ့ ခင်ပွန်းတို့ဟာ ထိုင်းဘတ်ငွေ ၆ သန်း တန်ဖိုးရှိတဲ့ ထီပေါက်ခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူက အဲဒီထီလက်မှတ်ကို ယူငင်ကာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
ထီဆုကြေးငွေကို အတူတကွ ခွဲဝေယူမယ်လို့ သဘောတူညီထားကြပေမယ့် အခုလို ထွက်ပြေးသွားတာကြောင့် သူမအနေနဲ့ ရဲစခန်းမှာ အမှုလာရောက်ဖွင့်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Pornthida Chamnanwet ကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ထီဆုလက်မှတ်ကို ယူပြီး ထွက်ပြေးသွားကြောင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ လာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဘန်ကောက်မြို့သားဖြစ်တဲ့ သူ့ရဲ့ ခင်ပွန်းနဲ့ Pornthida Chamnanwet တို့ဟာ စက်ရုံတခုမှာ အလုပ်တူတူ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ သုံးလုံးတိုက် ထီ တစောင်ကို ထီလက်ပွေ့ရောင်းသူဆီက နိုဝင်ဘာ ၉ ရက်နေ့က ထိုးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ ထီဖွင့်ချိန်မှာ ထီပေါက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းဘတ် ၆သန်း တန်ဖိုးရှိတဲ့ ထီကို ပေါက်ခဲ့ပြီး နောက်မှာ ခင်ပွန်းဖြစ်သူဟာ သူမကို ၂သန်းသာ ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။
ထီဆုကြီးပေါက်တာနဲ့ ပတ်သက်ပြီး ပြဿနာတွေတက်ပြီးနောက် ခင်ပွန်းဖြစ်သူက ထီလက်မှတ်ကို ယူငင်သွားတာ ဖြစ်လို့ ရဲစခန်းမှာ လာရောက်အမှုဖွင့်တာ ဖြစ်ပြီး သူ ရသင့်တဲ့ ပိုက်ဆံကို မရပါက တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: BKK Post
You may also like these stories:
ကြောင်စာကျွေးလို့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး
အသက် ၉ နှစ်မှာ တက္ကသိုလ်က ဘွဲ့ရတော့မယ့် ဉာဏ်ကြီးရှင် ဘယ်လ်ဂျီယံနိုင်ငံသားလေး