Trend

သြစတေးလျ တောမီးလောင်မှုမှာ ကိုအာလာ ဝက်ဝံတွေကို လိုက်လံ ရှာဖွေပေးခဲ့တဲ့ ခွေးလေး

Want create site? Find Free WordPress Themes and plugins.

တချိန်က စွန့်ပစ်ခံရဖူးတဲ့ ခွေးလေး Bear ဟာ သြစတေးလျ တောမီးလောင်တဲ့ အချိန်တောတွင်းမှာ ကျန်ခဲ့တဲ့ ကိုအာလာ ဝက်ဝံတွေကို ကယ်တင်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီခွေးလေးဟာ ကိုအာလာဝက်ဝံတွေ အပါအဝင် အခြား တောတွင်း တိရစ္ဆာန်ငယ်လေးတွေကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ မီးနဲ့ ပတ်သက်တဲ့ အရာတွေမှာ ကျနော်တို့ ပါဝင်တာ ပထမဆုံးပါ။ အရင်က လုပ်ခဲ့တာတွေထက်တော့ နည်းနည်းပိုပြီး အန္တရာယ်များပါတယ်”လို့ အဲဒီ ခွေးလေးရဲ့ အစောင့်က ပြောပါတယ်။

 

 

 

ခွေးလေး Bear ဟာ သာမန်အချိန်တွေမှာ များသောအားဖြင့် ဖျားနာပြီး ဒဏ်ရာရနေတဲ့ တောတွင်း တိရစ္ဆာန်တွေကို ကယ်တင်လေ့ရှိတာဖြစ်ပြီး အခုအချိန်မှာတော့ တောမီးအတွင်း ဝင်ရောက် ကယ်တာဖြစ်ပါတယ်။ ဒီလို ကယ်ဖို့အတွက် သူ့ကို အန္တရာယ် ကင်းစေမယ့် အကာအကွယ် ပစ္စည်းတွေကို ဝတ်ဆင်ပြီး ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က တောမီး စတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဧက ၂ သန်းကျော် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး နေအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ တောမီးဒဏ်ကို နိုင်ငံရဲ့ သင်္ကေတဖြစ်တဲ့ ကိုအာလာဝက်ဝံတွေ အဓိက ခံခဲ့ရပြီး သားပိုက်ကောင် မျိုးကွဲတခုဖြစ်တဲ့ Marsupial အမျိုးအစား သားပိုက်ကောင် ၃၅၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

International Fund for Animal Welfare အဖွဲ့ရဲ့ အကူအညီနဲ့ ခွေးလေး Bear ဟာ ဒါဇင်နဲ့ ချီတဲ့ ကိုအာလာ ဝက်ဝံတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်း၊ တောမီး မကြာခဏ လောင်ခြင်းစတဲ့ ခြိမ်းခြောက်မှုတွေကြောင့် သြစတေးလျနိုင်ငံက ကိုအာလာဝက်ဝံတွေဟာ အသက်ရှင်နေထိုင်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Ref. Reuters

You may also like these stories:

ခွေးချစ်သူတွေကြား ရေပန်းစားနေတဲ့ နဖူးမှာ အမြီးပေါက်နေတဲ့ ခွေးလေး

နှင်းတွေကြားမှာ ပျော်ရွှင်နေတဲ့ သားပိုက်ကောင်တွေရဲ့ ရုပ်သံ အွန်လိုင်းမှာ ရေပန်းစားနေ

Did you find apk for android? You can find new Free Android Games and apps.
Loading