Trend

ကိုရီးယားဝမ် ၁၀ သန်းကျော် ပေါက်ဈေးရှိတဲ့ G-Dragon ရဲ့ AF1 PARA-NOISE ဖိနပ်

Want create site? Find Free WordPress Themes and plugins.

Nike နဲ့အတူ ပူးပေါင်းပြီး ကိုယ်ပိုင် ဖိနပ်ဒီဇိုင်းတွေ ချပြခဲ့တဲ့ G-Dragon ရဲ့ AF1 PARA-NOISE ဖိနပ်ကတော့ အောင်မြင်မှုတွေ စတင်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကိုရီးယားနိုင်ငံ တနိုင်ငံတည်းမှာတင် စံချိန်တင်လောက်အောင် စိတ်ဝင်စားမှု များခဲ့တာပါ။

နိုဝင်ဘာလ အစောပိုင်းကပဲ Nike ဟာ G-Dragon ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ PeaceMinusOne နဲ့ အတူ ပူးပေါင်းပြီး AF1 PARA-NOISE special edition ဖိနပ်တွေကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ Air Force 1 Para-Noise ဟာ အနီရောင်နဲ့ အနက်ရောင်ဆိုပြီး ၂ မျိုးရှိကာ ကိုရီးယားဝမ် ၂၁၉,၀၀၀ (အမေရိကန်ဒေါ်လာ ၁၈၇ ဒေါ်လာ) ကျသင့်ပါတယ်။

AF1 PARA-NOISE ကို ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချပေးတဲ့နေ့မှာ တရားဝင်ဈေးနှုန်း ကိုရီးယားဝမ် ၂၁၉,၀၀၀ ဆိုပေမယ့် လူတိုင်း ဝယ်ယူလို့ မရပါဘူး။ ဖိနပ်အရံ ၈၁၈ ရံကိုပဲ Shock Draw မှာ မဲဖောက်လို့ ကံကောင်းသူတွေပဲ ဝယ်ယူခွင့်ရမှာဆိုပေမယ့် Hongdae က Nike ဆိုင်ရှေ့မှာတော့ ဝယ်ယူခွင့်ရဖို့ စောင့်ဆိုင်းနေသူတွေဟာ ဆိုးလ်တမြို့လုံး အကုန်ရောက်လာသလားတောင် ထင်မှတ်ရပါတယ်။

လက်ရှိအချိန်မှာတော့ Nike က ကိုရီးယားတနိုင်ငံတည်းမှာပဲ စတင်ရောင်းချပေးခဲ့ပြီး တခြားနိုင်ငံတွေအတွက် တရားဝင်ရောင်းချပေးမယ့်နေ့ကတော့ နိုဝင်ဘာ ၂၃ ရက်နေ့ပါ။ ကိုရီးယားမှာ Shock Draw အစီအစဉ်နဲ့ ရောင်းချခဲ့တဲ့ AF1 PARA-NOISE ဖိနပ်တရံကို အပြင်ဈေးကွက်မှာ ပြန်ရောင်းလိုက်တဲ့ထဲ အမြင့်ဆုံးကတော့ ကိုရီးယားဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၈,၆၀၀) အထိတောင် ပေါက်ဈေးရှိခဲ့ပါတယ်။

G-Dragon ကိုယ်တိုင်ဖန်တီးမယ့် ဖိနပ်တွေမှာ PeaceMinusOne ရဲ့ Logo ဒေစီပန်းတွေအပြင် သူ့စိတ်ကြိုက် ဖန်တီးထားတဲ့ Graffiti ဆန်ဆန် ပုံရိပ်တွေလည်း မြင်တွေ့ရပါတယ်။ လက်ရှိမှာတော့ ကိုရီးယားရဲ့ နာမည်ကျော် အနုပညာရှင်တွေလက်ထဲမှာပါ ရောက်နေပြီဖြစ်တဲ့ “AF1 PARA-NOISE” ဖိနပ်ပုံတွေကို သူတို့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် မြင်တွေ့ရမှာပါ။

G-Dragon နဲ့ Nike တို့ ပူးပေါင်းထားတဲ့ “AF1 PARA-NOISE” Special Edition ဖိနပ်တွေကို ဒီဇိုင်း ၂ မျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး တမျိုးကိုတော့ ကမ္ဘာ့အနှံ့ ဝယ်ယူနိုင်မှာဖြစ်ပေမယ့် နောက်တမျိုးကိုတော့ သီးသန့် ကိုရီးယား တနိုင်ငံတည်းမှာပဲ ရောင်းချခဲ့တာဖြစ်လို့ အပြင်ဈေးကွက်မှာ ပေါက်ဈေးမြင့်တက်ခဲ့တာဖြစ်ပါတယ်။

Ref: Soompi

You May Also Like This Story:

Nike နဲ့အတူ ပူးပေါင်းပြီး AF1 PARA-NOISE ကိုယ်ပိုင်ဖိနပ် ဒီဇိုင်းတွေ ချပြတော့မယ့် G-Dragon

Did you find apk for android? You can find new Free Android Games and apps.
Loading