Trend

ခွေး သန်ချဆေးဟာ ကင်ဆာရောဂါ ပျောက်စေတယ်လို့ သတင်းများ ထွက်ပေါ်

Want create site? Find Free WordPress Themes and plugins.

ခွေးတွေအတွက် ထုတ်လုပ်ထားတဲ့ Febendazole လို့ခေါ်တဲ့ သန်ချဆေးဟာ ကင်ဆာရောဂါတွေကို ကုသပေးနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ သတင်းတွေ ပျံ့နှံ့ထွက်ပေါ်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံက ကင်ဆာရောဂါ ဝေဒနာသည် အများစုဟာ လတ်တလောမှာတော့ ဒီဆေးကို အလုံးအရင်းနဲ့ ဝယ်ယူ သောက်သုံးနေကြတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ YouTube Channel တခုမှာ အမေရိကန်လူမျိုး Joe Tippens ဆိုသူက ခွေးတွေအတွက် ထုတ်လုပ်ထားတဲ့ Febendazole ဆိုတဲ့ သန်ချဆေးဟာ ကင်ဆာရောဂါကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တယ်လို့ အချက်အလက် စုံလင်စွာ ရှင်းလင်းတင်ပြပြီးနောက်မှာ စက်တင်ဘာလလောက်ကနေစလို့ ခွေးသန်ချဆေးကို လူအများက ဝယ်ယူသောက်သုံးနေခဲ့ကြတာပါ။

ဒီသတင်းကို အစပြုခဲ့တဲ့ Joe Tippens ဆိုသူဟာ အဆုတ်ကင်ဆာဖြစ်ပွားနေတာကြောင့် ဆရာဝန်တွေက လက်လျှော့ထားရာကနေ တိရစ္ဆာန် ဆေးကုဆရာဝန်တဦးရဲ့ ညွှန်ကြားချက်နဲ့ ခွေးသန်ချဆေး Febendazole ကို စတင်သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆေးသောက်သုံးအပြီး ၃ လခန့်အကြာလောက်မှာ ဆရာဝန်တွေ လက်လျှော့ထားတဲ့ အဆုတ်ကင်ဆာရောဂါဟာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့လည်း သူက ရှင်းလင်းထားပါတယ်။

Joe ရဲ့ YouTube ပေါ်က ဒီဗီဒီယိုကြောင့်ပဲ တောင်ကိုရီးယားက ကင်ဆာဝေဒနာသည် အများစုဟာ ဒီခွေးသန်ချဆေးကို လိုက်လံသောက်သုံးနေကြတာဖြစ်ပြီး တချို့သော ကင်ဆာဝေဒနာရှင်တွေဟာ ဒီဆေးသောက်သုံးအပြီးမှာ သူတို့ခန္ဓာကိုယ်ရဲ့ ထူးခြားကောင်းမွန်စွာ ပြောင်းလဲလာတဲ့ ရလဒ်တွေကို ဗီဒီယိုတွေနဲ့ ပြန်လည် မျှဝေနေတာလည်း ဖြစ်ပါတယ်။

အစိုးရအပါအဝင် ကျန်းမာရေးအဖွဲ့အစည်းတွေက ဒီဆေးသောက်သုံးမှုဟာ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်တယ်လို့ သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပေမယ့် လူအများကတော့ ဆေးပြတ်လပ်တဲ့အထိ သောက်သုံးနေကြဆဲပဲ ဖြစ်ပါတယ်။

ဆေးပညာရှင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာချက်တွေ ပြုလုပ်နေပြီး သိပ်မကြာခင်မှာတော့ တိကျတဲ့ အဖြေတခု ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

Ref. www.asiaone.com

Did you find apk for android? You can find new Free Android Games and apps.
Loading